8(UC)
702 57 4
မင်္ဂလာလက်ထပ်ပွဲပြီးသည်နောက် ထက်ကောင်းကင်နှင့်လဲ့ယဉ်စိမ်သည် လက်ဖွဲ့အဖြစ်ရထားသည့် နေအိမ်သို့တန်းသွားပြီဖြစ်သောကြောင့် ယခုမှာမှု ပန်းသွေးရယ် အိမ်မှာလုပ်ကိုင်ပေးသူမျာနှင့်နေဝန်းသာကျန်ခဲ့လေသည်၊ မန္တလေးပုဂံဘက်သို့ မနတ်ဖြန် ဟန်းနီးမွန်ထွက်မည်ဖြစ်သော သူ့အကိုကြောင့် ဒီရက်ပိုင်းသူတစ်ယောက်ထဲအလုပ်ရှုပ်အုန်းမယ်ဖြစ်သည်။
တနေကုန် မင်္ဂလာပွဲကြောင့်အလုပ်ရှုပ်ကာ ပင်ပန်းနေပြီဖြစ်သောကြောင့် အိပ်ရောက်သည့်အခါ အဝတ်အစားလဲရေချိုးပြီးသည့်နောက် တန်းကာအိပ်ပျော်သွားပါသောပန်းသွေး၊ ပန်းသွေးအတွက်ညတိုင်းညစာအစာပြေစားရန်မုန့်တက်ပို့သည့်အခါအိပ်ပျော်နေသည့်ပန်းသွေးကြောင့် ထို့အခန်းထဲမှာ တိတ်တိတ်လေးပင်မုန့်ပန်းကန်ကိုင်ကာပြန်ထွက်လာပါသော ပန်းသွေးတို့အိမ်မှကောင်မလေးတစ်ယောက်။
"မမလေးကအိပ်ပျော်သွားပြီထင်တယ် ဒေါ်ဒေါ်ရေ"
"အကိုက်အခဲပျောက်ဆေးလေးဘာလေးသောက်ပြီးမှအိပ်တာမဟုတ်ဘူးနိုးလာရင်တော့နုံးနေတော့မှာပဲ"
ထိုစကားကို နေဝန်း ကြားဖြစ်အောင်ကြားလိုက်ပြီး မျက်ခုံးများတွန့်ချိုးပြီးနောက် ပန်းသွေးအခန်းကိုသွားရန်ခြေလှန်းပြင်ပေမဲ့ ပင်ပန်းနေသည့်အတွက်အိပ်ပါစေဟူ၍ သူ၏ခြေလှန်းများကိုသူ့အခန်းဆီသို့သာဦးတည်လိုက်တော့သည်၊ မနတ်ပန်းသွေးကိုနိုးသည့်အခါအခြေအနေကြည့်ကာနားသင့်ရင်နားခိုင်းရမည်ဟုတွေးမိလိုက်သေးသည်။
ပန်းသွေးနှင့်တစ်မိုးအောက်ထဲအတူနေရသည့်ခံစားချက်ကသူ၏စိတ်နှလုံးကိုကြည်နူးစေသည်၊ သူ၏အိပ်ယာဘေးမှာတော့ ပန်းသွေးအသုံးပြုပြီးသည့်သူ၏လက်ကောင်ပုဝါစလေးအခန့်သားနေရာယူသည်။
×
မနတ်အိပ်ယာနိုးတော့ မျက်နှာသစ်ပြီးသည့်နောက် ပန်းသွေးအခန်းသို့ဦးစွာသွားသည်၊ တံခါးခေါက်သည့်အခါအသံပြန်မပြုသဖြင့် အခန်းထဲဝင်လာမည်ဟုခွင့်ပြုတောင်းဆိုသံပြုပြီး အခန်းထဲဝင်သွားတော့ ကုတင်ပေါ်ကစောင်ထဲမှာအဲကွန်းအရှိန်ဖြင့်အိပ်မတ်ကမ္ဘာထဲရောက်နေသူကပန်းသွေးတစ်ယောက်ပါ။