13(ZC)
222 13 0
သီတင်းကျွတ်​လပြည့်​​နေ့ဖြစ်​၍ Hotel promotion များလဲရှိသည်​ဖြစ်​ရာ ခရီးသွားအားလပ်​ရက်​​ကြောင့်​ရန်​ကုန်​ဟိုတယ်​အပါအ၀င်​တစ်​ခြား​သောမြို့နယ်​များမှဟိုတယ်​များလဲအလုပ်​ရှုပ်​ရသည့်​​နေ့ရက်​များဖြစိ​လေသည်​။
မမစိမ်းလဲ့ ကိုယ်​၀န်​မှာ တ​နေ့တ​နေ့ဗိုက်​က​လေးကဆူထွက်​လာသည်​၊ တစ်​ချို့ကလဲ သားဦး​လေးဖြစ်​နိုင်​သည်​ဟု​ပြောကျ​သေးသည်​၊ တရားစခန်းမှ​နေ မမစိမ်းလဲ့၏အ​ဒေါ်လဲ မမစိမ်​လဲ့အနားပြန်​​ရောက်​​နေပြီး ကိုထက်​ကလဲအနားကမခွာ ထို့​ကြောင့်​ ကုမ္ပဏီ အလုပ်​များကိုသူတစ်​​ယောက်​ထဲ ကြီးကြပ်​​နေရသည့်​အ​ခြေအ​နေ။
"ဒီ​နေ့ ဟိုတယ်​မှာအရင်​ကထပ်​လူများတယ်​​နော်​ လုံခြုံ​ရေးကို​ကော သန့်​ရှင်းမှုကိုပါအဓိကဦးစား​ပေးဂရုစိုက်​​စေချင်​တယ်​"
"ဟုတ်​ကဲ့မမ"
"ပန်း​သွေး Toilet ခဏသွားလိုက်​အုန်းမယ်​ ပြန်​လာရင်​ kitchen ဘက်​ခဏသွားကြည့်​ရ​အောင်​"
မနတ်​အိမ်​ကထွက်​လာကထဲက ဗိုက်​က​အောင့်​ချင်​​နေသလိုဖြစ်​​နေသည်​၊ အရင်​လ period ပြီးသွားသည့်​​နေ့ကိုအလုပ်​များ​နေသည်​နှင့်​သတိမထားမိ​လေ​တော့ အခုရက်​ကြီး period on ​တော့မှာလားဟုစိတ်​ထဲ​တွေးလိုက်​မိသည်​။
ထို​ပြင်​ ဒီရက်​ပိုင်းအလုပ်​ပင်​ပန်းသွား၍ ​သွေး​ပေါင်​ကျ​နေသည့်​အလားတစ်​ကိုယ်​လုံးမူးပြာ​နေချင်​သဖွယ်​။
Toilet ထဲကအထွက်​မှာ တစ်​ဖတ်​စင်္ကြန်​လမ်းမှလာ​နေသည့်​အနတ်​​ရောင်​ဦး​ထုပ်​​ဆောင်းထားသူနှင့်​အမှတ်​မထင်​တိုက်​မိခဲ့သည်​၊ သူမသတိမထားမိလိုက်​ခင်​မှာပဲ ညာဘက်​၀မ်းဗိုက်​နား၌ပူ​နွေး​မှုအသိကိုရလိုက်​သည်​၊ သို့​သော်​ထိုအသိက​နောက်​ကျခဲ့ပြီဖြစ်​ရာ သူမမျက်​၀န်းထဲ​နောက်​ဆုံးမြင်​လိုက်​ရသည်​ကား သူမထံ​အ​ပြေးလာ​နေသည့်​ ​နေ၀န်း၏ပုံရိပ်​​ယောင်​​လေးပင်​။
အိပ်​ယာမှနိုးလာသကဲ့သို့ ဖျတ်​ဖျတ်​လတ်​လတ်​မဟုတ်​ခဲ့​ပေမဲ့ မျက်​၀န်းများဦးစွာပွင့်​လာသည့်​​နောက်​မှာပထမဆုံမြင်​ကွင်းသည်​ အလင်း​ရောင်​ပင်​၊ ထို့​နောက်​မှ အိပ်​​ဆေးအရှိန်​​ကြောင့်​​ခေါင်းမူးရိပ်​ရိပ်​ဖြစ်​​နေ​ပေမဲ့ ​ဘေးဘယ်​ညာလှည့်​ကြည့်​သည့်​အခါ ကိုကိုနှင့်​​နေ၀န်းအပြင်​မြတ်​သူလဲရှိ​နေခဲ့သည်​။