5(UC)
873 57 1
ပန်းသွေး အနားမှာအမြဲနေရမည်ဆိုသောအကြောင်းပြချက်ကြောင့် နေဝန်းအနေဖြင့် ပန်းသွေးအိမ်မှာနေရန်အကြောင်းဖန်လာခဲ့သည်၊ သူမ ပန်းသွေးတို့အိမ်မှာနေတာ ကာရကံရှင်ပန်းသွေးဘက်ကကိစ္စမရှိပေမဲ့ သူမကို ပန်းသွေး၏အကိုဖြစ်သူကတော့သိပ်တော့အမြင်မကြည်ချင်၊ ဒါလဲ သူတို့အိမ်မှာ သူမလိုတစ်စိမ်းတစ်ယောက်လာနေသည်ဟူသောအကြောင်းပြချက်ဖြစ်မည်လို့တော့သူမထင်မိသည်။
သူမ၏ ပထမဆုံးအလုပ်တက်ရသည့် နေ့ကသူမအတွက်တော့သိပ်တော့အဆင်မပြေ သူမလို အဆင်ပြေရင်ပြီးရောအဝတ်အစားဝတ်တက်သည့်သူမအတွက် ပန်းသွေးကဲ့သို့သောသူတစ်ယောက်အနားနေရတာ နည်းနည်းတော့အနေခတ်ရသည်၊ ပန်းသွေးနှင့်ပတ်သက်လျှင် ကျန်တာအနေမခတ်ပေမဲ့ ပန်သွေးပတ်ဝန်းကျင်ကလူအများကြောင့်တော့ သူမသေချာပေါက်အနေခတ်သည်၊ သို့ပေမဲ့ သူမအလုပ်သည် တစ်ခြားသူများကိုဂရုစိုက်နိုင်သည့်အခြေအနေမဟုတ် ပန်းသွေးတစ်ယောက်ထဲကိုသာသူမ၏အာရုံစူးစိုက်မှုအပြည့်။
"မမ အပြင်မှာအစည်းအဝေးတစ်ခုတက်စရာရှိသေးတယ် အဲ့တာပြီးရင် ရုံးပြန်လာယုံပဲ မြတ်သူကဒီမှာ အလုပ်ကိစ္စလေးမပျက်သေးလို့မလိုက်နိုင်တော့ဘူး မမကို စိတ်ချမယ်နော်"
"ရပါတယ် ကိုယ်ဂရုစိုက်ပါ့မယ်"
ပန်းသွေးက ရာထူးကြီးတစ်ခုကိုတာဝန်ယူနေရသူဖြစ်သည်အလျောက် လုပ်ငန်းအတွက်လိုအပ်သည့်ငွေရေးကြေးရေးကိစ္စများအပါအဝင် သူမဖခင်ရှိစဉ်ကထဲက ပြုလုပ်လက်စဖြစ်သောကိစ္စရပ်များကိုလဲလိုက်လံကြည့်ရှုရသည်၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း၏ အရေးပါသောနေရာတစ်ခုကိုယူထားရသည့်အတွက်လဲ သူမတို့လုပ်ငန်းနာမည်ဂုဏ်သိက္ခာနှငိ့ပတ်သက်သည့်ကိစ္စရပ်အများစုကိုလဲ သူမအနေဖြင့်ဦးဆောင်လုပ်ကိုင်ရသည့်အခါလဲရှိသည်။
"နေ့လည်စာ ကို ရှင်တို့နှစ်ယောက်အဆင်ပြေတဲ့နေရာမှာစားမလား ပန်းသွေးကအလုပ်နဲ့ဆိုတော့ အချိန်မရမှာဆိုးလို့"
"ရပါတယ် ကျွန်တော်ကရုံးပြန်ရောက်မှစားတော့မယ် မနေဝန်းကကော"
"ရတယ် ကျွန်မကအဆင်ပြေတဲ့နေရာမှာစားလိုက်ပါ့မယ် ပန်းသွေးရုံးပြန်ရောက်မှ"