15(UC)-End
1.8K 75 3
၂၁ ရက်ခန့်ကြာသောအခါ။
နလန်ထူစပြုနေပြီဖြစ်သောပန်းသွေးသည် မီးဖွားခန်းထဲ၌ရောက်နေပါသော မမစိမ်းအား သူ၏အကိုဖြစ်သူနှင့်အတူမီးဖွားခန်းရှေ့၌ထိုင်စောင့်နေလေသည်။
ဝင်သွားတာကြာပြီဖြစ်ပေမဲ့ ယခုအချိန်ထိတော့ဘာမှမသိရသေးချေ၊ မိနစ်၃၀မျှကြာသောအခါ မီးဖွားခန်းထဲမှ nurse တစ်ယောက်ထွက်လာ၍ သားယောက်ျားလေးဖွားမြင်ကြောင်းပြောသည့်အခါမှ မောင်နှမနှစ်ယောက်လုံးစိတ်အေးနိုင်ခဲ့ရသည်။
ထို့နောက်တွင်တော့ မီးဖွားပြီးချိန် လူနာအခန်းထဲ၌ မိသားစုစုံလင်စွာဖြင့် ကလေးငယ်လေးအိပ်နေသည်ကို အသံတိုးတိုး တိုးတိုးဖြင့်ပြောဆိုကာစောင့်ကြည့်နေကျလေသည်။
ထက်ကောင်းကင်တို့သားမိသားဖသုံးယောက်ကိုအနောက်မှနေကြည့်ပြီး ပန်းသွေးမျက်အိမ်မှမျက်ရည်များဝဲကာကြည့်နေမိသည်၊ ထို့နောက် အခန်းပြင်သို့တိတ်တဆိတ်ထွက်ခွာကာ မြတ်သူဇင်အား ဖုန်းဆက်၍ သူတို့အိမ်သို့ ရှေ့နေကြီးအားလာရောက်ရန်ပြောဆိုပြီးနောက် ထိုဆေးရုံမှနေ၍အိမ်ပြန်သွားလေသည်။
×
၃ လခန့်ကြာသောအခါ။
ဟိုတယ်နှစ်ပတ်လည်ပွဲဖြစ်၍ နယ်ပယ်အသီးသီးမှ လူကြီးမိတ်ဆွေများနှင့် စည်းကားစွာကျင်းပနေလျက်ရှိလေသည်၊ ထိုဧည့်သည်များထဲ၌ မြူနှင်းနှင့်ဆူးတို့အတွဲအားစကားပြောနေတုန်း မမစိမ်းလာခေါ်သဖြင့် စကားစဖျတ်ကာ နောက်တစ်နေရာသို့သွားခဲ့ရသည်။
ထိုနေ့က ပွဲ၌ ခတ္တမျှသာနေပြီးနောက် အိမ်သို့ပြန်လာခဲ့လေသည်၊ အိမ်ခန်းထဲရောက်တော့ စက်ပိတ်ထားပါသည်ဟူသောဖုန်းကို ၂ ခါမျှခေါ်ယူမိပြီးနောက် ဖုန်းကိုချကာ အိပ်ယာပေါ်၌သာလဲ၍နေလေတော့သည်။
ဘယ်အချိန်အိပ်ပျော်သွားသည်မသိ ရေမိုးချိုးကာ အောက်ဆင်းလာတော့ သူမအား ကိုထက်မှစကားပြောစရာရှိသည်ဟုဆိုသောကြောင့် ဒယ်ဒီ့စာဖတ်ခန်းထဲသို့ဝင်သွားလေသည်။
ဒေါက် ဒေါက်။
"ဝင်ခဲ့ပါ"
အခုနောက်ပိုင်း ဒယ်ဒီ့စာဖတ်ခန်းသည် ကိုထက်အတွက်ဖြစ်နေခဲ့ပြီး ကိုထက်တစ်ယောက် စားပွဲမှာ စိတ်ဝင်စားစွာအလုပ်များလုပ်နေလျှင် တစ်ခါတစ်ရံ ဒယ်ဒီနှင့်တူသည်ဟူခံစားမိသည်။