14(UC)
670 40 2
ဆေးအရှိန်ဖြင့်အိပ်ပျော်နေပါသောပန်းသွေးအနားမှာထိုင်ကာ ပန်း​သွေး၏ ညာဘက်လက်ဖဝါးအား သူ၏လက်နှင့်ဆုတ်ကိုင်ရင်း ပန်းသွေး အားငေးမိနေသည်။
ပန်းသွေးနှင့်သိပြီးနောက်တစ်လျောက်မှာ ယခုလိုဆေးရုံရောက်တာသုံးကြိမ် ရှိပြီဖြစ်သည်၊ ယခုလဲပန်းသွေး၏ မျက်နှာဖြူစွတ်စွတ်လေးသည်။  ဆေးအရှိန်ကြောင့် သွေးရောင်ပြန်သန်းလာပေမဲ့ အပြည့်အဝစိတ်မချနိုင်၊ တကယ်ဆို ပန်းသွေးနေရာမှာသူသာဆိုလျှင်အခုလောက်သူကိုယ်တိုင် ခံစားရမည်မဟုတ်ခဲ့ပါ။
အတွေးချော်နေချိန်ခဏလေးမှာ ဖုန်းသံကြောင့်လက်ရှိအချိန်ကိုပြန်ရောက်လာပြီး ဖုန်းကိုကြည့်တော့ အားမာန်
"ဟယ်လို အားမာန်ဘာကိစ္စရှိလို့လဲ"
"မမ မမ ရေ ကယ်ပါအုန်း ဒီမှာ ကျွန်တော်တို့ဆေးရုံအလာမှာ အလစ်ငိုက်အတားခံလိုက်ရလို့ ကိုထက်ကောင်းကင်က ဟိုလူတွေကိုများ ခေါ်သွားတာ အခုကျွန်တော်နဲ့မမစိမ်းနှစ်ယောက်ပဲကျန်ခဲ့တာ"
"ဘာ...အခု နင်တို့ဘယ်မှာလဲငါအခုချက်ချင်းလာခဲ့မယ်"
ဖုန်းချပြီးနောက် ပန်းသွေးအားတစ်ချက်စောင့်ငဲ့ကြည့်ပြီးနောက် အားမာန်ပြောသည့်နေရာသို့ ဒုန်းဆိုင်းသွားလေသည်၊ ဟိုရောက်တော့ မပေါ့မ ပါးနှင့်စိမ်းလဲ့မှာ ချွေးစီးများကျနေခဲ့ပြီး အားမာန်မှာတော့ ဒဏ်ရာများနှင့် ဖြစ်နေခဲ့သည်။
"ဘယ်လိုဖြစ်တာလဲ"
"ကိုထက်ကလမ်းမှန်ကကားမောင်းလာတာပဲကို ကားနှစ်စီးက ရှေ့နောက် ပိတ်ပြီးကာထားတာ အဲ့တာ ကျွန်တော်တို့လဲမသင်္ကာတာနဲ့ သတိကပ်ပြီးမောင်းတာပဲ ဒါပဲ နောက်တစ်စီးက လမ်းကြားကပိတ်ရပ်ထားပြီး အများနဲ့နှစ်ယောက်ဆိုတော့အင်အားမမျှတာနဲ့ပဲ အခြေအနေမ ဟန်တော့ ကိုထက်က ကျွန်တော်နဲ့မမစိမ်းကိုအရင်ပြေးခိုင်းပြီးသူက ကျန်ပြီးတားပေးခဲ့တာ အခုထိလဲသူနဲ့အဆက်အသွယ်မရသေးဘူး မမ စိမ်းလဲအခြေအနေမဟန်ဘူး"
နောက်ဆုံးစကားကိုတော့ အားမာန်ကနေဝန်းအနားတိုးကာကပ်ပြောရ လေသည်၊ နေဝန်းသည်လဲ လဲ့ယဉ်စိမ်းကိုတစ်လည့် အားမာန်အားတ စ်လည့်ကြည့်ပြီး ဆေးရုံသာအမြန်မောင်းရလေသည်။