4(UC)
997 61 0
အိမ်ရှေ့ကနေ ရင်းနီးနေပြီးသားဆိုင်ကယ်သံကြားရသောကြောင့် အိမ်ထဲကနေ ကောင်လေးတစ်ဦးထွက်လာပြီး ဆိုင်ကယ်ဝင်လို့ရအောင်တံခါးလာဖွင့်ပေးလေသည်။
"ဘယ်တွေသွားနေတာလဲ တစ်နေ့လုံး မသွယ်တောင်ဖုန်းဆက်သေးတယ် နေနေဘယ်သွားတာလဲတဲ့"
"အဲ့တာကြောင့်အဲ့ဖုန်းငါမကိုင်ချင်တာ တစ်စိတ်ရှိလိုက်မေးနေတာပဲ သူ့အလုပ်ကောသူလုပ်ရဲ့လားမသိဘူး"
ဆိုင်ကယ်ကို ဂိုထောင်သဘောမျိုးပြုလုပ်ထားသည့် အိမ်ဘေးကက်ရပ် အခန်းထဲသို့ထည့်ပြီးနောက် အိမ်ထဲဝင်လာခဲ့သည်၊ လက်အိတ်တွေချွတ် အပေါ်ထပ်အကျႌချွတ်လိုက်ပြီး မျက်စိရှေ့က ချိတ်စရာနေရာမှာချိတ်လိုက်ပြီး ဖိနပ်ချွတ်ကာ အိမ်ပေါ်တက်သွားခဲ့သည်။
"ကျွန်တော့်ကိုပြောအုန်းလေ မမ တနေကုန်ဘယ်တွေသွားနေတာလဲလို့ ပြီးတော့နေအုန်း မမ မျက်နှာကဘာဖြစ်လာရပြန်တာလဲ ဘယ်သူနဲ့စကားများလာတာလဲ"
"အလုပ်သွားရှာတာဟေ့ အလုပ်သွားရှာ တကယ်ပဲ ဘေးမှာအဲ့တိုင်းပဲထိုင်မနေနဲ့ သွားငါ့အတွက် ရေလေးတစ်ခွက်လောက်ယူပေးအုန်း"
မျက်လုံးအိမ်ကိုမှိတ်ချလိုက်ပြီး တနေကုန်သူမလုပ်ခဲ့သည့်ကိစ္စများကိုပြန်မြင်ယောင်လာခဲ့သည်၊ ထို့နောက်ဘောင်းဘီအိတ်ကက်ထဲက လိပ်စာကဒ်ကိုထုတ်ကြည့်လိုက်ပြီး မျက်နှာထက်မှာမဲ့ပြုံးတစ်ခုပေါ်လာခဲ့သည်။
"ရော့ ရေ ဆေးကောလိမ်းပေးရအုန်းမလား ညစာကောစားပြီးပြီလား"
"ငါ့အခန်းထဲရောက်မှလုပ်လိုက်တော့မယ် ညစာတော့မစားတော့ဘူး စားချင်စိတ်မရှိလို့"
ရေသောက်ပြီး သူမအခန်းထဲသွားဖို့လုပ်တော့ မသွယ်ကိုဖုန်းဆက်လိုက်အုန်းဟုနောက်ကလှမ်းအော်နေသေးသည်။
အခန်းထဲရောက်တော့ အဝတ်အစားလဲပြီးနောက် မျက်နှာသစ်လိုက်ပြီး မျက်နှာပေါ်ကာဒဏ်ရာတွေကိုဆေးလူးပြီးနောက် အိပ်ယာပေါ်ပစ်လှဲလိုက်သည်၊ ထို့နောက် သူမလုပ်ရမည့်ကိစ္စရပ်များကိုစဉ်းစားရင်း အတိတ်က သူမဦးလေးပြောခဲ့သည့်စကားများက ပြန်လည်ကြားယောင်နေမိသည်။
"သမီးမိဘတွေကသူတို့ကြောင့်သေကွဲကွဲခဲ့ရတာ"
"သူတို့မိသားစုကိုလဲ သမီးနည်းတူပြန်ခံစားရအောင်လုပ်ပေးရမယ်"