10(UC)
642 50 0
ကိုယ်ဝန်ရှိစဖြစ်သော်လည်း ကောင်းကင်၏ခေါင်းမာမှုကြောင့် လဲ့ယဉ်ခမျာ ဆေးရုံကဆင်းဆင်းချင်းပင် ပန်းသွေးတို့နှင့်အတူအိမ်ကိုပါလာခဲ့ရပြီး တရားစခန်းဝင်နေရှာသော လဲ့ယှဉ်စိမ်း၏အဒေါ်ပါမနေရပါ ဖုန်းဖြင့်ချက်ချင်းခေါ်ကာ လာလို့ရလျှင်လာပေးပါဟုဖုန်းတစ်လုံးဖြင့်အလုပ်ရှုပ်နေရှာ၏။
"ချက်ချင်းကြီးဘယ်လိုဖြစ်လို့ ကိုကိုကအဲ့လောက်အကဲပိုသွားရတာလဲ"
"ငါ့မိန်းမငါစိတ်ပူလို့ပေါ့ ဟိုမှာဆိုတစ်ယောက်ထဲဖြစ်နေမှာလေ အကယ်၍ ခရီးတွေဘာတွေသွားရရင်"
အကဲပိုလွန်းလှသည့် ထင်ကောင်းကင်ကြောင့် မမလဲ့ယဉ်မှာမျက်နှာကခရမ်းချဉ်သီးသဖွယ်၊ ဒီမတိုင်ခင် ရန်ဖြစ်ဝုန်းဒိုင်းကြဲခဲ့သည်ကသူမဟုတ်သည့်အတိုင်း။
"အော် တစ်လက်စထဲပြောရအုန်းမယ် စိမ်းကအခုကိုယ်ဝန်နဲ့ဆိုတော့ ဂရုစိုက်ရတော့မယ် ငါ့အလုပ်တွေကိုမန်နေဂျာနဲ့တက်နိုင်သလောက်လွှဲထားပေးနော်"
"ဟင်..ဘယ်လို"
ချက်ချင်းကိုပဲ မမလဲ့ယဉ်က ကိုယ်ဝန်ကြီးဖားယားဖားယားနဲ့ဗိုက်တစ်တောင်လောက်ထွကိလာသည့်ပုံနှင့်ပြောနေသူကြောင့် မမလဲ့ယဥိခလေးမွေးပြီးမှ အလုပ်တွေတစ်ပုံကြီးနဲ့လုပ်ပစ်အုန်းမည်ဟုလဲစိတ်ထဲကြုံးဝါးထားသေးသည်။
သူမကိုယ်တိုင်သည်လဲ မိသားစုဝင်အသစ်တိုးလာမည်ဖြစ်သောကြောင့်ပျော်နေခဲ့ရပြီး သားသားလေးလားမီးမီးလေးပဲဖြစ်မလားဆိုတာကိုအရမ်းပင်သိချင်စိတ်ပျင်းပြနေပြီဖြစ်သည်။
မနတ်ကလေးတင် ခြောက်ကပ်နေသည့်သူမတို့အိမ်သည် ယခုအချိန်မှာတော့ စိုစိုပြေပြေဖြစ်လာခဲ့သည်၊ သူတို့မိသားစုထဲစတင်ရောက်ရှိလာပြီဖြစ်သော ကလေးလေးသည် သူမတို့မနသားစုအတွက်တော့ ဆည်းလည်းလေးပဲဖြစ်ရပေမည်။
×
အရင်အားလက်ရက်များ၌ ပန်းသွေးအနားနေပေးနေရခြင်းကြောင့် နားရက်မယူဖြစ်ခဲ့သဖြင့် ယနေ့မှာတော့ မွေးရပ်ပြန်သွားသောအားမာန်ကိုကားဂိတ်မှာသွားကြိုရင်းနှင့် ခွင့်တစ်ရက်ယူခဲ့ရသည်။
အဝေးပြေးကားဂိတ်၌ အားမာန်ကိုစောင့်နေရင်းပင် ကားထဲမှာထိုင်စောင့်နေဖြစ်ခဲ့သည်၊ မျက်ဝန်းများမှိတ်ကာခဏမျှမှေးခနဲဖြစ်သည့်အချိန်၌ တံခါးကိုလာခေါက်သညိ့အသံကြောင့်နိုးသွားသညိ့အခါ ကြည့်လိုက်တော့ အားမာန်။