12(ZC)
208 12 0
ထူးထူးခြားခြား ထက်​​ကောင်းကင်​ သည်​ သူ့အား ဖုန်းဆက်​၍ သူနှင့်ခဏ​လောက်​​တွေ့ချင်​သည်​ဟုဆိုလာ​သော​ကြောင့်​ သူချိန်း​သော​နေရာသို့သွားခဲ့​လေသည်​။
"Sorry ​နော်​ ပန်း​သွေးကို သူ့လုပ်​ငန်းပါတနာအစည်းအ​ဝေးဆိုလား လိုက်​ပို့​ပေး​နေရလို့"
"ရပါတယ်​ ကိုယ်​လဲခုနကမှ​ရောက်​တာ"
"ဘာကိစ္စရှိလို့လဲမသိဘူး ကျွန်​မကိုဒီလာခိုင်းရတာ"
ဤသို့စကားစလာသည့်​အခါမှ ထက်​​ကောင်းကင်​သည်​သူသိချင်​​နေသည့်​အ​ကြောင်းအရင်းများကို​ပြော​လေသည်​။
"ကိုယ်​တို့ဦး​လေး ဦး​ကျော်​​ဇေနဲ့ ပုဂ္ဂိုလ်​ချင်းရင်းနီးလားဆိုတာကိုယ်​သိချင်​တယ်​ ​နောက်​ပြီး ဘာလို့ ပန်း​သွေးအနားကိုချင်းကပ်​ရတာလဲဆိုတာအပါအ၀င်​ပဲ"
ဒဲ့တိုး​ပြောလာသည့်​အ​ကြောင်းအရာများသည်​ သူမအားမလုံမလဲစိတ်​ဖြစ်​​စေသည်​၊ သို့​သော်​လဲ သူ၏အကြည့်​များအား မလွှဲခြင်းအားဖြင့်​သူ့ကိုယ်​သူဟန်​ကို့ရမည်​။
သူ့အားစူးရှ​သောမျက်​၀န်းများဖြင့်​ အကဲခတ်​​နေပါ​သော ထက်​​ကောင်းကင်​၏ အကြည့်​များ​အောက်​၌ စိုးရိမ်​စိတ်​​တော့ရှိတာအမှန်​၊ ဒီအ​ခြေအ​နေများအားလုံး၏အစမှာသူဟာဟန်​​တောင်​ထားသည့်​လူဖြစ်​​သော​ကြောင့်​ဖြစ်​သည်​။
"လက်​ရှိမျာ ကျွန်​အအ​ကြောင်းရှင်​ဘာ​တွေကြားထားလဲဆိုတာ ဘယ်​ဟာအမှန်​ဘယ်​ဟာအမှားဆိုတာမျိုးကျွန်​မဘက်​ကပြန်​မ​ဖြေရှင်းနိုင်​တာကိုနားလည်​​ပေးပါ ကျွန်​မဘက်​က အခုချိန်​မှာ​ပြော​နိုင်​တာ ပန်း​သွေးကိုထိခိုက်​​အောင်​မလုပ်​ခဲ့ဘူးဆိုတာရယ်​ ရှင်​တို့မိသားစုဝင်​တစ်​ဦးတစ်​​ယောက်​ကိုမှ ကျွန်​မဘက်​ကဘာတစ်​ခုမှအခတ်​အခဲဖြစ်​​အောင်​မလုပ်​ခဲ့ဘူးဆိုတာ​တော့ကျွန်​မဘက်​က​ပြောပြချင်​တယ်​"
"မင်းမှာဘယ်​လိုအ​ကြောင်းအရင်း​တွေရှိလဲဆိုတာကိုယ်​မသိချင်​ပါဘူး ဒါ​ပေမဲ့ ကိုယ့်​မိသားစုထိခိုက်​မဲ့ကိစ္စကိုမလုပ်​မိ​စေဖို့​မျော်​လင့်​ပါတယ်​ ကိုယ်​​စောင့်​ကြည့်​​နေတယ်​ဆိုတာမ​မေ့ပါနဲ့ ​နောက်​တစ်​ခုက ပန်း​သွေးကို ဒီအ​ခြေအ​နေ​တွေကိုအမှန်​တိုင်း​ပြောဖို့​မျော်​လင့်​ပါတယ်​ မင်းနဲ့ပန်း​သွေးရဲ့ခင်​မင်​မှုအတိုင်းအတာကိုမပျက်​​စေချင်​တဲ့ဆန္ဒရှိတယ်​ဆိုရင်​ မင်းကိုယ်​တိုင်​​ပြောတာပိုသင့်​​တော်​မယ်​ဆိုတာနားလည်​​စေချင်​တယ်​ ​ဘေးလူ​ပြောတာထပ် ကာရကံရှင်​ကိုယ်​တိုင်​​ပြောတာပိုပြီးလက်​သစ်​ခံနိုင်​မယ်​ဆိုသိမှာပါ ကိုယ်​​ပြောချင်​တဲ့စကား​တွေအားလုံးက​တော့ဒါပါပဲ ကျန်​တာမင်းဘက်​ကဘာဆက်​လုပ်​သင့်​လဲဆိုတာသိမှာ​ပေါ့"