11(UC)
665 58 4
မနေ့ကအဖြစ်အပျက်များကြောင့် တစ်ညလုံးကောင်းကောင်းအိပ်မပျော်နိုင်၊ ထို့ကြောင့် ဒီနေ့တော့ ဦးကျော်ဇေနှင့်တွေ့ရန်အကြောင်းဖန်လာလေသည်၊ ထို့ကြောင့် ပန်းသွေးကိုအလုပ်ပို့ပြီးနောက် ဦးကျော်ဇေနှင့်တွေ့ရန် ထွက်လာခဲ့သည်။
"အဟက်...မလာစဖူး နေဝန်းမာယာပါလား ဘာများအကြောင်းရှိလို့လဲဗျ"
အိမ်ထဲတောင်မရောက်သေးအပေါက်ဝတင် အပြင်သွားရန်ပြင်နေသည့် မိုးမာန်နှင့်တွေ့လေသည်၊ သို့ပေမဲ့ မိုးမာန်ပုံစံကအရင်ကလောက်မသားနားသည့်ဟန်၊ ဒါကို သူ၏ညိုညစ်ညစ် မျက်တွင်းများအားကြည့်၍သိနိုင်သည်။
"ဦးကျော်ဇေနဲ့စကားပြောစရာရှိလို့ သူရှိလား"
"ရှိတယ်လေ အထဲမှာ ရာသီဥတုကတော့မကောင်းဘူး သူ့တပည့်တွေကိုဆူနေသံကြားတာပဲ ကိုယ်လဲနားမခံနိုင်လို့အပြင်သွားမလို့ ဘိုင့်ဘိုင့်နော်"
သူ၏ကားထဲသို့ ယိုင်နဲ့နဲ့ဖြင့်ဝင်ကာ သူ့ကိုယ်သူဟန်အောင်မနဲထိန်းနေရသည့်ပုံစံ၊ ကားကိုဖြေးဖြေးမောင်းထွက်သွားသည်ကိုပဲကျေးဇူးတင်ရမည် မဟုတ်ရင် တစ်လမ်းလုံးယိုင်ထိုးနေမည်ထင်၏။
ထို့နောက် သူအိမ်ထဲဝင်လာသည့်အခါ ဦးစွာကြားလိုက်ရသည်က တစ်ခုခုကျကွဲ့သည့်အသံများ။
"မင်းတို့တွေကိုခိုင်းလိုက်ရင်ဘာမှမသုံးမကျဘူး ငါကသူတို့ကိုအပျက်ရှင်းတာပဲလိုချင်တာ အခုလို ဆင်ခြေတွေကြားချင်တာမဟုတ်ဘူးကွာနားလည်လား"
ထိုစကားသံများကြောင့် အိမ်ထဲမဝင်သေးပါပဲ နားစွင့်နေမိခဲ့သည်၊ သူမတွေးထင်နေသလိုပါပဲ စိမ်းလဲ့နှင့်သူ ဤသို့ကြုံရတာ ဦးကျော်ဇေ၏ စနတ်မလွှတ်ဖူးဆိုတာ။
"အရင်တစ်ခါလိုအဖြစ်တော့မခံနိုင်ဘူးနော် မင်းတို့ကြောင့်အဲ့အချိန်တုန်းကဘယ်လောက်ဒုက္ခရောက်ခဲ့ရလဲဆိုတာမင်းတို့သိတယ် ငါကြာကြာမစောင့်နိုင်ဘူး လူမှားသွားတာတွေဘာတွေငါမလိုချင်ဘူး၊ အဲ့မောင်နှမနှစ်ယောက်ငါ့မျက်စိရှေ့ကအမြန်ဆုံးပျောက်သွားတာငါလိုချင်တယ်"
သူကြားသည့်စကားများကအမှန်တရားတွေသာဆို သူ၏မိခင်သေဆုံးရတာ ဦးကျော်ဇေခိုင်းတဲ့သူများကြောင့်ပေါ့၊ ဒါကိုမဆိုင်သည့် ပန်းသွေးတို့မိသားစုကိုသူမကအမျက်ထားခဲ့မိတာ။