𝐂𝐡𝐚𝐩𝐭𝐞𝐫 (1) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

41.3K 1.9K 37
                                    

⭐unicode⭐

"ငါ့ကိုဒီည assignmentအတွက်လိုအပ်မဲ့informationတွေchat boxကနေလှမ်းပို့ပေးနော်ချစ်သူငယ်ချင်းတို့"

သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင်ပြုံးဖြီး၍ပြောသော ​နှင်းနု၏အပြောအား မင်းဘုန်းခန့်ကတော့ခေါင်းကိုတစ်ချက်သာငြိမ့်ပြ၍ စားလက်စကြက်ချိုချဥ်ကြော်ကိုဆက်စားသည်။

အုပ်စိုးပိုင်ကပို၍သာဆိုးသည်။
အဖက်ပင်လှည့်မလုပ်။
ကန်တင်းအပြင်ဘက်အရှေ့တည့်တည့်ရှိ အပင်ကြီးကိုသာ ငေးနေဆဲ။

နှင်းနု၏ လေးနှစ်ပင်ပြည့်တော့မည့် university-student lifeလေးကတော့ဖြင့် ထိုကဲ့သို့အေးတိအေးစက်သူငယ်ချင်းနှစ်ကောင်နှင့်နှစ်ပါးသွားခဲ့ရသည့်အတွက် ခြောက်ကပ်ကပ်ပင်။

"နောက်နှစ်ပတ်လောက်ဆို ကျောင်းပိတ်ပြန်ပြီနော်။ဘယ်လိုပြီးလို့ပြီးသွားမှန်းတောင်မသိလိုက်ဘူး။ဟူး.........."

စားပွဲခုံပေါ် တံတောင်ဆစ်ဖြင့်ထောက်ပြီး လက်ဖဝါးနှစ်ဖက်ပေါ်တွင်မေးတင်ကာ စိတ်ပျက်လက်ပျက်ဖြစ်နေဟန်ဖြင့်ပြောသော နှင်းနုအား မင်းဘုန်းခန့်က အစားမပျက်ဘဲ ကြည့်နေဆဲ။

အုပ်စိုးပိုင်ဆိုသည်မှာလည်း အခုချိန်ထိ ဘာပင်မှန်းပင်မသိသော ထိုအပင်ကြီးအား သူ့သမီးရည်းစားကဲ့သို့သဘောထားကာ ငေးမောနေတုန်းပင်။
ရေခဲတုံးဖင်ခုထိုင်ထားသလို အေးစက်စက်နိုင်လှတဲ့နှစ်ကောင်ကြောင့် နှင်းနု၏သည်းခံနိုင်စွမ်းများမှာ ဂိတ်ဆုံးသွားခဲ့လေပြီ။

"အေး ကောင်းတယ် အဖတ်မလုပ်ကြနဲ့ အကောင်တွေ။ ငါနင်တို့နှစ်ကောင်ကိုဘာကြည့်ပြီးပေါင်းခဲ့မိတာပါလိမ့်။ စာမေးပွဲမြန်မြန်ပြီး ပြီး ကျောင်းမြန်မြန်ပိတ်လေအေးလေပဲ။ဒါမှငါလည်း မော်လမြိုင်ပြန်ပြီး တချို့တချို့တွေနဲ့မတူတဲ့ Activeဖြစ်လွန်းတဲ့ ငါ့သူငယ်ချင်းမနဲ့သွားတွေ့ရမှာ"

"ဒီတစ်ခေါက်ပြန်ရင် ငါလိုက်မယ်"

အရှေ့ကပြောခဲ့သမျှကို လူသေကောင်လိုငြိမ်နေပြီး လှည့်တောင်မကြည့်ခဲ့တဲ့ အကောင်က အခုမှပင်အသံထွက်ဖော်ရတော့သည်။

Someone Ordinary🍁{Completed}Where stories live. Discover now