𝐂𝐡𝐚𝐩𝐭𝐞𝐫 (10) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

7.5K 1K 34
                                    

⭐unicode⭐

ဆိတ်ငြိမ်ရပ်ကွက်လေးတစ်ခု၏ လမ်းထိပ်တွင်တည်ရှိသော နှစ်ထပ်တိုက်အိမ်လေး၏ခြံဝန်းထဲတွင် ကောင်လေးသုံးယောက်နှင့်ကောင်မလေးနှစ်ယောက်တို့သည် စားပွဲဝိုင်းတစ်ခုပေါ်တွင် စားသောက်စရာတွေပြင်ဆင်ကာအလုပ်ရှုပ်နေကြသည်။

ညနေခြောက်နာရီဆိုသောအချိန်က ပတ်ဝန်းကျင်တစ်ခွင်မှောင်ရီဖျိုးဖျဖြစ်နေပြီး လမ်းသွားလမ်းလာတွေကိုတော့ ခပ်ရေးရေးလေးမြင်ရနေရသေးသည်။

နှစ်ထပ်တိုက်လေး၏ခြံတွင်းမှာတော့ လျှပ်စစ်မီး၏အကူအညီဖြင့် ထိန်ထိန်လင်းနေသည်။

အနီးကပ်ကြည့်မည်ဆိုပါက စားပွဲဝိုင်းတစ်ခုပေါ်တွင်တင်ထားသော ပြားချပ်ချပ်အောက်ခြေရှိသည့်frypanတစ်ခုပေါ်တွင် ခပ်လတ်လတ်အရွယ်အစားရှိသောအသားတုံးများကို ကြော်သူကကြော်။

ဆလပ်ရွက်ကိုရေဆေးနေသည့်သူရယ်၊ဟော့ပေါ့အတွက် လိုအပ်မည့်အသားလုံးတို့၊ခေါက်ဆွဲတို့၊အပ်မှိုတို့ကိုပြင်ဆင်နေသူတို့နှင့် အလုပ်များနေသောလူငယ်လေးတွေကိုတွေ့ရပေမည်။

အလုပ်ကိုယ်စီနှင့် တိတ်ဆိတ်နေသောရပ်ဝန်းငယ်ကလေးမှာ ရုတ်တရတ်ဆိုသလို ကောင်မလေးတစ်ယောက်ရဲ့ မွန်သံဝဲနေသော အသံတစ်ခုက လွှမ်းခြုံသွားတော့သည်။

"ဟေ့ ငါအခုမှသတိရတယ်။မနက်က အလုပ်သမားဦးလေးကြီးတွေမောနေလို့ဆိုပြီး ရေခဲသေတ္တာက coca colaဘူးတွေအကုန်ပေးလိုက်မိတယ်"

မျက်နှာငယ်လေးနဲ့ အိမ်တံခါးအဝင်အဝတွင် ကျုံ့ကျုံ့လေးရပ်နေသော ငြိမ်းစံအား အားလုံးကမူမပျက်ပင် ခပ်အေးအေးလေး ကြည့်နေကြသည်။

"ရတယ်လေ။အခုစျေးထိပ်မှာသွားဝယ်ရင်ရနေတာပဲ။သုခတစ်ယောက်ပဲ အလုပ်မရှိတာဆိုတော့ မောင်လေးကပဲသွားဝယ်လိုက်နော်။မွေးနေ့ရှင်ကိုမခိုင်းချင်ပေမဲ့ခိုင်းလိုက်ရပြီ"

အချိုသတ်သလိုမျက်နှာထားနှင့် နှင်းနုလှမ်းပြောလိုက်တော့ ခြံတံခါးဝတွင်ဆောင့်ကြောင့်ထိုင်ကာ ကြောင်မလေးတစ်ကောင်အားပွတ်သီးပွတ်သပ်လုပ်နေရာကနေ ချက်ချင်းထပြီး အိမ်ထဲသို့ဝင်သွားပါသောသုခ။

Someone Ordinary🍁{Completed}Where stories live. Discover now