𝐂𝐡𝐚𝐩𝐭𝐞𝐫 (22) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

6.5K 969 69
                                    

⭐unicode⭐

ညက အချိန်အတော်လင့်မှ အိပ်ရာဝင်ခဲ့ရသည်မို့
မနက်နိုးတော့ လူကမရွှင်မလန်းနှင့် နုံးချိချိ။

ကြိုတင်ပြင်ဆင်ထားပါသော အထုတ်တွေကိုဆွဲပြီး
ဘွားဘွားကြီး၊ငြိမ်းစံနှင့်ကြီးကြီးကို နှုတ်ဆက်ကာ ကားဂိတ်ဆီသို့ သူတို့သုံးယောက် ထွက်ခဲ့ကြသည်။

မသွားခင်အချိန်လေးမှာ နောက်ဆုံးအနေဖြင့် ကောင်ကလေးရဲ့မျက်နှာလေးကို ၁ စက္ကန့်လောက်ပဲဖြစ်ဖြစ်တွေ့ချင်သော်ငြား နေနိုင်သူကြီးက ထွက်မတွေ့လေတော့ သူလည်းမတတ်နိုင်ခဲ့ပေ။

လမ်းခရီးတစ်လျှောက်လုံး ရင်ဘတ်ထဲမှာ ဟာတာတာနှင့်မို့ မျက်နှာကအစ သိသိသာသာနွမ်းလျနေသည်။

ကိုယ်ခန္ဓာကသာ ကားပေါ်မှာ စိတ်အာရုံတွေအလုံးစုံက ကောင်လေးရှိရာ မော်လမြိုင်မြို့လေးဆီမှာသာ တရစ်ဝဲဝဲ။

မတွေ့ရတာ တစ်ရက်ပင်မပြည့်သေး။
ဤမျှလောက်ထိ အလွမ်းနာကျနေရင်နောင်လာမည့်ကောင်လေးမရှိသော နေ့ရက်တွေကျ ဘယ်လိုလုပ်ရပါ့။

မင်းနဲ့တော့ ခက်ချေပြီ ကောင်လေးရေ။

××××××××

အောင်မင်္ဂလာအဝေးပြေးကားဂိတ်တွင် သူတို့သုံးယောက် လမ်းကိုယ်စီအသီးသီးခွဲခဲ့ကြသည်။

အိမ်ကိုပြန်ရောက်တော့ နေ့လည်၂နာရီပင်ထိုးနေပြီ။

၂လနီးပါး ကွဲကွာနေခဲ့တဲ့အိမ်လေးကတော့ ပုံမှန်အတိုင်းပင်။ဘာဆိုဘာမှမပြောင်းလဲ။

ဖေဖေရော မိထွေးဖြစ်သူရောအိမ်တွင် ဒီအချိန်ဆိုမရှိကြ။
အလုပ်မှာဖြစ်မည်။

အန်တီတင့်ကတော့ သူ့ကိုခြံတံခါးဖွင့်ပေးပြီးသည်နှင့် မီးဖိုချောင်တွေ တကုပ်ကုပ်နှင့်အလုပ်ရှုပ်နေပြန်သည်။

အပေါ်ထပ်ရှိ မိမိအခန်းဆီသို့ တက်သွားကာ တံခါးကိုလှည့်၍ဖွင့်လိုက်သည်။

သန့်ရှင်းရေးကိုနေ့တိုင်းလိုလို လုပ်ပေးထားပုံရသော အိပ်ခန်းလေးက သူနေခဲ့တုန်းကအတိုင်းပင် သပ်သပ်ရပ်ရပ်လေးနှင့်သန့်သန့်ရှင်းရှင်းပင်။

Someone Ordinary🍁{Completed}Where stories live. Discover now