𝐂𝐡𝐚𝐩𝐭𝐞𝐫 (35) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

6.6K 919 41
                                    

⭐unicode⭐

လွန်ခဲ့သော ၅လခန့်ကတည်းက ရန်ကုန်ပြန်သွားပါသော နှင်းနုနှင့်မောင်ခန့်သည် ဒီနေ့မနက်တွင် အုပ်စိုးဆီသို့ ရှေ့ဆင့်နောက်ဆင့်ဖုန်းခေါ်ဆိုလာသည်။

ဒီနေ့ သုခမွေးနေ့ဖြစ်သည်မို့ မွေးနေ့ဆုတောင်းကို ကိုယ်စားပြောခိုင်းခြင်းဖြစ်သည်။

လက်ဆောင်ကတော့ မော်လမြိုင်လာတဲ့အခါမှ ပေးတော့မည်ဖြစ်ကြောင်း တစ်ခါတည်း အမှာတော်ပါးကြသည်။

မောင်ခန့်ကတော့ သူ့ရဲ့အဖေပိုင်တဲ့ စားသောက်ဆိုင်တွင် ဝိုင်းဝန်းကူညီပေးနေပြီး နှင်းနုတစ်ယောက်ကတော့ companyတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေသည်။

ဘွဲ့ရပြီးကတည်း သူတို့သုံးယောက်မှာ နှစ်ယောက်က အလုပ်ကိုယ်စီ အတည်တကျဖြင့်။

အုပ်စိုးတစ်ယောက်သာ အလုပ်လက်မဲ့နှင့်စားလိုက်၊အိပ်လိုက်၊ကောင်လေးနဲ့အတူအချိန်တွေဖြုန်းလိုက်နှင့် ဘဝကြီးကို ဖြတ်သန်းနေသည်မှာ သာသာယာယာ။

သို့သော် ယခုလိုမျိုး လတ်လျားလတ်လျားနှင့်နေဖို့က ရေရှည်တော့ မဖြစ်ပေ။

အနာဂတ်ဆိုတာရှိသေးသည်မို့ ငယ်တုန်းရွယ်တုန်း၊ အချိန်ကကိုယ့်ဖက်မှာရှိတုန်းမှာ တတ်စွမ်းသလောက်ငွေဆိုတဲ့အရာကို ရှာဖွေထားမှတော်ကာကျမည်။

ဒီလကုန်ရင်တော့ အလုပ်လုပ်ဖို့ရာ ပြင်ဆင်ရတော့မည်။

ကောင်လေးနှင့်အတူ ဘဝတစ်ခုကို ထူထောင်ဖို့ရာ စည်းစိမ်ဥစ္စာပစ္စည်းအတော်အသင့်တော့ ရှိမှရလိမ့်မည်။

အခုတော့ ဒီညကောင်လေးမွေးနေ့မှာ စားဖို့သောက်ဖို့ကို အိမ်ရှေ့ဧည့်ခန်းတွင် စားပွဲတစ်ခုချကာ အစားအသောက်တွေကို တကုပ်ကုပ်နှင့် ပြင်ဆင်နေရသည်။

ဒီလိုဆိုလို့ ကိုယ်တိုင်ချက်ပြုတ်ထားတယ်မထင်ပါနဲ့။

စားပွဲပေါ်ရှိ အရသာရှိပုံရတဲ့ အနံ့မွှေးမွှေးကလေး သင်းပျံ့နေတဲ့ ဝက်ဂုတ်သားကင်၊မာလာရှမ်းကော၊ကြက်ကြော် စသည့် စားသောက်ဖွယ်အကုန်လုံးကို deliveryနှင့်မှာထားခြင်းသာဖြစ်သည်။

Someone Ordinary🍁{Completed}Where stories live. Discover now