𝐂𝐡𝐚𝐩𝐭𝐞𝐫 (12) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

7.1K 1.1K 103
                                    

⭐unicode⭐

အချိန်ကား ညနေစောင်း လေးနာရီဝန်းကျင်လောက်ရှိမည်။

တစ်နေ့လည်ခင်းလုံး ခြစ်ခြစ်တောက်ပူခဲ့သော နေမင်းကြီး၏အပူရှိန်သည် တစထက်တစ လျော့ဆင်းလာစပြုသည့်အချိန်။

ညနေခင်း၏ လေပြေလေညင်းလေးကလည်း တစ်ချက်ဝေ့ဝဲလိုက်တိုင်း အေးကနဲ။

ဒီလို သာယာတဲ့ ညနေခင်း အချိန်အခါလေးကို အကျိုးရှိရှိအသုံးချရန်အတွက် နှင်းနု၊အုပ်စိုး၊ငြိမ်းစံနှင့်သုခတို့သည် ကမ်းနားလမ်းသို့သွားရန်စီစဥ်ထားသည်။

မောင်ခန့်ကတော့ မလိုက်ချင်ပါဘူးတဲ့။
အတင်းအကျပ်ခေါ်သော်ငြားလည်း ကြီးကြီးနဲ့ကျန်ရစ်ခဲ့တော့မယ် တကဲကဲလုပ်နေသည်မို့ ဆက်မတိုက်တွန်း
ဖြစ်တော့။

အခုငြိမ်းစံတို့ခြံရှေ့တွင် ဆိုင်ကယ်နှစ်စီးက ခေါင်းချင်းယှဥ်ကာရပ်နေသည်။
တစ်စီးက နက်ပြောင်နေသော Yamaha fzနှင့်နောက်တစ်စီးက အပြာနုရောင် scooterလေး။

အုပ်စိုးပိုင် ကိုယ့်ဝမ်းနာကိုယ်သာသိသည်။
အခုလို အနှီလူသားနှင့် ဘေးချင်းယှဥ်ရပ် နေရုံနဲ့တင် ရင်တွေတုန်ပြီး လက်ဖျားတွေပါအေးစက်နေတာ။

သို့သော်လည်း ဒီကောင်လေးနဲ့ အတူရှိချင်တဲ့စိတ်ကိုလည်း ချုပ်တည်းမရ။

အဲ့ဒါကြောင့် ဒုက္ခအဖြစ်ခံပြီးတော့ကို အတူလိုက်သွားဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အဲ့လောက်ဖြစ်နေလားမေးရင်တော့ တကယ်ပင်ရောဂါက ကိုယ်တိုင်သတိမမူမိခင်မှာတင် အတော်လေးကို လှိုက်စားကျွမ်းလောင်နှင့်နေပြီ။
အခုတောင် နံဘေးမှကောင်လေးရဲ့ မျက်နှာကို တစ်ချက်မျှပင် မော့မကြည့်ရဲ။
မျက်နှာလေးကိုတွေ့လိုက်ရလို့ ရင်ခုန်သံတွေဗလောင်ဆူလာရင် ဘယ့်နှယ့်လုပ်မတုန်း။

အခုအခြေအနေအရ ငြိမ်းစံက နှင်းနုရဲ့biasမို့ နှင်းနုတစ်ယောက် ငြိမ်းစံဆိုင်ကယ်ကိုစီးမှာ မြေကြီးလက်ခတ်မလွဲပင်။

အဲ့ဒါဆို သူကဟိုတစ်ခါကလိုမျိုး ကောင်လေးနှင့်အတူလိုက်ပါရတော့မည်။
ဒင်းကလည်း ဆိုင်ကယ်ကို ဒုံးပျံနှင့်နင်လားငါလားအောက်မေ့ရအောင်ကို ဝူးကနဲမောင်းနေသည်မို့ မတတ်သာဘဲ ပူးပူးကပ်ကပ်ကြီးနေရမည်ဖြစ်သည်။

Someone Ordinary🍁{Completed}Where stories live. Discover now