𝐂𝐡𝐚𝐩𝐭𝐞𝐫 (34) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

6.8K 957 26
                                    

⭐unicode⭐

ပူပင်မှုတွေကင်းဝေးကာ စိတ်ချမ်းသာနေရင် အချိန်တွေဟာ ကုန်တာမြန်လွန်းသည်ဆိုသည့်အတိုင်း နှစ်ပတ်ဆိုသည့်ကာလကား မျက်တောင်တစ်ခတ်စာလေးအတွင်းမှာပင် ကွယ်ပျောက်သွားလေပြီ။

ဘွားဘွားကြီးနှင့်ငြိမ်းစံတို့လည်း ရွာမှပြန်လာကြပြီ။

ပြန်ရောက်ရောက်ချင်း နေ့လည်မှာပင် ဘွားဘွားကြီးက အုပ်စိုးနှင့်သုခကို သူမအခန်းထဲကို ပြောစရာရှိသည်ဟုဆိုကာ ခေါ်သည်။

ငြိမ်းစံကတော့ သူတို့နှစ်ယောက်အား ခေါင်းအသာညိတ်ပြကာ ​ဝင်သွားဖို့ရာ အချက်ပြသည်။

အခန်းတွင်းသို့ရောက်တော့ ဘွားဘွားကြီးက ခပ်တည်တည်နှင့်ပင် သူတို့နှစ်ယောက် အချင်းချင်း မေတ္တာသက်ဝင်​နေကြတဲ့အကြောင်းသိတယ်ဟုဆိုလာသည်။

ကြားလျှင်ကြားချင်းမှာ အုပ်စိုးတစ်ယောက် ထိတ်ထိတ်ပြာပြာနှင့် ကြောက်လန့်တကြားပင်။

ထိုအချိန်တွင် နံဘေးမှကောင်လေးက ရေခဲရိုက်ထားသည့်နှယ် အေးစက်နေသောသူ့ရဲ့လက်ဖဝါးတစ်ဖက်ကို
အသာထွေးဆုပ်ပေးလာသည်မို့ ပူပင်မှုတွေလွင့်ပါးပြယ်ပျောက်သွားကာ ကောင်လေးသာနံဘေးမှာရှိရင်မည်သည့်အရာကိုမဆို ရင်ဆိုင်ဖို့ခွန်အားတွေရလာသည်အထိ။

ထိုအချိန်တွင် ဘွားဘွားကြီးပြောလိုက်တဲ့စကားတစ်ခွန်း..

"ပိုင်ပိုင်နဲ့သုခ နှစ်ယောက်စလုံးက လိမ်မာတဲ့ကလေးတွေမို့ ဘွားဘွားကြီး သိပ်ကိုယုံကြည်မှုထားထားတယ်။ နှစ်ယောက်စလုံး တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ မေတ္တာကြိုးလေးက လေးနက်ပြီး ခိုင်မြဲတယ်လို့လည်းမြင်မိတာမို့ လက်ခံပေးဖို့ဆုံးဖြတ်ခဲ့တာ။ဒါကြောင့် ဘွားဘွားကြီးရဲ့ ယုံကြည်မှုကိုတော့အလွဲသုံးစားမလုပ်မိစေနဲ့။မေတ္တာနဲ့ချည်နှောင်ထားတဲ့ကြိုးလေးကို ဘယ်လိုအကြောင်းမျိုးနဲ့မှ မပြတ်တောက်စေနဲ့။နားလည်လား?"

ခပ်တည်တည်အမူအရာနှင့်ပင် ပြတ်ပြတ်သားသားထွက်ပေါ်လာသော စကားလုံးတွေအောက်မှာ
ဘွားဘွားကြီးရဲ့မေးခွန်းလွှာကိုဖြေကြားဖို့ရာအတွက် အုပ်စိုးမှာအားအင်တောင်မရှိတော့သည်အထိ။

Someone Ordinary🍁{Completed}Where stories live. Discover now