𝐂𝐡𝐚𝐩𝐭𝐞𝐫 (2) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

11.9K 1.4K 21
                                    

⭐unicode⭐

"သားတို့နှစ်ယောက်အကြောင်းကို နှင်းနုကပြန်လာတိုင်းပြောပြောနေကျမို့ မြင်ဖူးချင်နေတာ။သားတို့နှစ်ယောက်လုံးကလူချောလေးတွေပဲ"

ကြီးကြီး၏ချီးကျူးမှုအဆုံးတွင် မင်းဘုန်းခန့်က ရှက်သွားသလို လည်ဂုတ်တွေကိုပွတ်ကာ သွားစွယ်ချွန်ချွန်လေးနှစ်ခုပေါ်သည်အထိပြုံးနေပြီး အုပ်စိုးပိုင်ကတော့ နှုတ်ခမ်းအနားသတ်လေးတွေ တွန့်ကွေးရုံအပြုံးလေးတစ်ခုဖြင့်သာတုန့်ပြန်သည်။

"ကြီးကြီး"

"ဟေ"

"သူတို့နှစ်ယောက်ကို မိငြိမ်းအိမ်မှာပဲအိပ်ခိုင်းမလို့။ မီးတို့အိမ်မှာကျ အိပ်ခန်းမရှိဘူးလေ။"

"ဟင်?မိငြိမ်းကလက်ခံပါ့မလားနှင်းနုရဲ့။​နောက်ပြီး
ဘွားဘွားကြီးကရော သူစိမ်းကောင်လေးတွေအိမ်မှာအိပ်မှာသဘောကျပါ့မလား?"

ကြီးကြီးက နှင်းနုရဲ့အစီအစဥ်ကို လက်မခံချင်ဟန်ပြောတော့ နှင်းနုကသူမရဲ့ဂုတ်ဝဲဆံပင်လေးတွေလှုပ်ခါသွားသည်အထိခေါင်းခါသည်။

"မီး မိငြိမ်းကိုဖုန်းနဲ့ပြောထားပြီးသား။သူကရတယ်တဲ့။သူ့အိမ်ကအကျယ်ကြီးပဲတဲ့ ။သူတို့နှစ်ယောက်အတွက်အခန်းတစ်ခန်းလောက်တော့ပေးနိုင်ပါတယ်။နောက်ပြီး အိပ်ရုံပဲကို။ စားတာသောက်တာကမီးတို့အိမ်မှာပဲ စားကြမှာပါ"

နှင်းနုကအရာအားလုံးကို စနစ်တကျစီစဥ်ထားသူကဲ့သို့ယုံကြည်မှုရှိစွာပြောတော့ ကြီးကြီးလည်းဘာမှဝင်ရောက်စွက်ဖက်ခြင်းမပြုလိုတော့။
နှင်းနုပြောသည်ကလည်း အဓိပ္ပာယ်ရှိသည်။
အိမ်မှာက သူမကိုယ်တိုင်ရောနှင်းနုရောသည် အိမ်ခန်းမတွင်မွေ့ရာခင်းကာအိပ်ကြရသည်။
ကောင်လေးနှစ်ယောက်သာ ဤအိမ်တွင်ညအိပ်မည်ဆိုပါက ထိုကဲ့သို့ပင် အိပ်ကြရမည်။
အရွယ်ရောက်ပြီးသား သွေးမတော်သားမစပ်ကောင်ငယ်လေးနှစ်ယောက်နှင့်နှင်းနု တစ်နေရာထဲတွင် ယှဥ်တွဲအိပ်ဖို့က ရေရှည်အတွက် သင့်တော်မည်မဟုတ်။
ထို့ကြောင့်သူမ ခေါင်းလေးတညိတ်ညိတ်နှင့်သာ လက်ခံလိုက်ရတော့သည်။

အုပ်စိုးပိုင်နှင့်မင်းဘုန်းခန့်တို့နှစ်ယောက်မှာတော့ နှင်းနုဘာမှမပြောပြခဲ့၍ ကြီးကြီးနှင့်နှင်းနုတို့ပြောသမျှကိုသာ မျက်လုံးလေးကလယ်ကလယ်နှင့်ကြည့်နေရသည်။

Someone Ordinary🍁{Completed}Where stories live. Discover now