𝐂𝐡𝐚𝐩𝐭𝐞𝐫 (20) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

6.4K 990 8
                                    

⭐unicode⭐

ဒီနေ့ ရင်ရဲရွာကိုရောက်တာ တစ်ပတ်ပြည့်သည့်နေ့။

နောက်ပြီး သူတို့တွေအိမ်ကိုပြန်ရမည့်နေ့။

ဘွားလေးက အိမ်ပြန်လက်ဆောင်အဖြစ် ရေငန်းသီးနှင့်ဒူးရင်းသီးတွေထည့်ပေးလိုက်သည်။

အလာတုန်းက လိုက်ပို့ခဲ့တဲ့ ကားသမားကို အပြန်တွင်လာကြိုစေခဲ့သည်။

အိမ်ပြန်ရောက်တော့ သတင်းကောင်းတစ်ခုကိုကြားရသည်။

သုခကို နှောင့်ယှက်တဲ့ ဝဏဆိုတဲ့လူက မြဝတီဖက်သို့ တက်သွားသည်တဲ့။

ထိုသတင်းကောင်းအတွက် ဝမ်းသာသော်လည်း သူ့အပေါ် ကောင်ကလေးရဲ့ သူစိမ်းဆန်မှုတွေက ဘယ်အချိန်လောက်ထိကြာမည်ဆိုတာ မမှန်းဆနိုင်တော့ လုံးလုံးလျားလျား ရတက်မအေးနိုင်ပါ။

အိမ်ချင်းမတူသည်မို့ ညပိုင်းလောက်ပဲ ကောင်လေးရဲ့မျက်နှာကိုတွေ့ခွင့်ရတော့မည်။

ဒါတောင် ကိုယ့်အခန်းနဲ့ကိုယ် အိပ်ကြရသည်မို့ တွေ့ဖို့ရာခဲယဥ်းလှသည်။

သို့သော်လည်း မျက်နှာချင်းဆိုင်တည့်တည့်ကြီး ပက်ပင်းတိုးရင်တောင် အကြည့်တွေရှောင်လွှဲကာ မိမိကိုသိသိသာသာရော၊မသိမသာရော ရှောင်ဖယ်နေတတ်ပါသော ကောင်လေးကြောင့် သူမည်သို့မည်ပုံ စကားလမ်းစရမည်မှန်းမသိ။

နောက်ပြီး နောက်တစ်ပတ်လောက်နေရင် ကျောင်းလည်းပြန်ဖွင့်တော့မည်။

ရန်ကုန်မပြန်ခင်အချိန်အတွင်းမှာတော့ ကောင်လေးနှင့်တကယ်ပင် အရင်အတိုင်းနေသွားချင်သည်။

သူတကယ် သုခဆီကဘာဆိုဘာမျှ တန်ပြန်၍မမျှော်လင့်ထားခဲ့တာပါ။
ဒီအတိုင်းလေး ကောင်လေးရဲ့အပြုံးချိုချိုလေးတွေ။
စူးရဲတဲ့အကြည့်တွေအစား နူးညံ့တဲ့မျက်ဝန်းညိုညိုလေးတွေကို မြင်နေရရုံနဲ့တင် အတိုင်းထက်အလွန်ကို ကျေနပ်နေပါပြီ။

ဒီကြားထဲ ကျောင်းကပြန်တက်ရတော့မည်ဖြစ်သည်မို့အလွမ်းဒဏ်ကိုသည်းခံဖို့ရာ ကောင်လေးနှင့်အဆက်အသွယ်ရမှဖြစ်မည်။

ဒီလိုပုံနဲ့ဆို အဆက်အသွယ်ရဖို့နေနေသာ ရန်ကုန်ပြန်တဲ့နေ့တောင် ကောင်လေးကသူ့ကိုထွက်ပြီးနှုတ်ဆက်ဖို့မသေချာ။

Someone Ordinary🍁{Completed}Where stories live. Discover now