𝐂𝐡𝐚𝐩𝐭𝐞𝐫 (25) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

6.8K 1K 61
                                    

⭐unicode⭐

နေ့စွဲကား စက်တင်ဘာ ၂၉ရက်။

တစ်နည်းအားဖြင့်ဆိုသော် အုပ်စိုး တစ်ယောက် final examဖြေတာ နောက်ဆုံးမြောက်နေ့။

ဒီနေ့ည ၈နာရီထွက်မည့် ရန်ကုန်-မော်လမြိုင် ကားလက်မှတ်ကိုလည်း မနေ့တည်းက ကြိုတင်bookingလုပ်ထားဖြစ်သည်။

ကျောင်းအဝင်အဝနားက ခုံတန်းဖြူလေးတစ်ခုတွင် ထိုင်ကာ များမကြာမီအချိန်တိုအတွင်း ဖြေဆိုရမည့် ဘာသာအတွက် စာပြန်ကြည့်နေစဥ်...

"ဖြေခါနီးမှကြည့်မနေနဲ့တော့"

အပြောထက်အလုပ်ကပိုမြန်သည်ဆိုသည့် အတိုင်း နှင်းနုတစ်ယောက် သူ့အနားသို့ရောက်သည်နှင့်တပြိုင်နက် လက်ထဲမှ စာအုပ်လေးကိုဆတ်ကနဲဆွဲယူကာ ပိတ်ပစ်လိုက်သည်။

စာမေးပွဲဖြေခါနီး အာရုံနောက်တာမျိုးသဘောမကျတဲ့ မောင်ခန့်တစ်ယောက်ကတော့ ဖြေဆိုဖို့၂၅မိနစ်တောင်လိုသေးသော်ငြား စာမေးပွဲခန်းဆီသို့သွားဖို့ရာဟန်တပြင်ပြင်ဖြစ်နေသည်မို့ အတင်းကာရောမတားတော့ပေ။

အခု ကျောင်းရှေ့က ခုံတန်းလေးတွင် သူရယ်၊နှင်းနုရယ်သာ ဘေးချင်းကပ်ရပ်ထိုင်နေကြသည်။

"နင် တော်တော်ဖြစ်နေတယ်နော် ငါမပြောချင်ဘူး။ငါတို့နဲ့အတူတူ မနက်ဖြန်မှ သွားတော့ဘာဖြစ်သွားမှာမို့လဲ။ မော်လမြိုင်က ခြေထောက်ပေါက်ပြီး မပြေးတတ်ဘူး"

"နင်နားမလည်ပါဘူး နှင်းနုရဲ့"

ရင်ထဲမှာအလွမ်းဓာတ်တွေ မည်မျှကိန်းအောင်းကာ ကြီးစိုးနေကြောင်း ကိုယ်ကိုတိုင်သာအသိဆုံးမဟုတ်လား။

တစ်ညမပြောနှင့် တစ်မိနစ်လေးတောင် ကောင်လေးနှင့်တွေ့ရဖို့မစောင့်နိုင်ပါ။

"ပိုကိုပိုလွန်းတယ် တကယ်တည်း။အတွဲသာဖြစ်သွားရင်တော့ ငါ့ကိုဒီထက်ပိုပြီး သွေးတက်အောင်လုပ်မဲ့သဘောမှာရှိတယ်"

နှုတ်ခမ်းကြီးရွဲ့ကာ ပွစိပွစိတွတ်ထိုးနေပါသော ငတိမ။
သူကတော့ ပုံမှန်အတိုင်းပေါ့။
ငတိမကိုကြည့်ပြီး ပြုံးကာခေါင်းတခါခါသာလုပ်နိုင်သည်။
နှင်းနုနှင့်ပြိုင်ငြင်းဖို့ရာ လုံလောက်တဲ့ စကားပြောစကေးမရှိဘူးဟုပဲ ဆိုရပေမလား။

Someone Ordinary🍁{Completed}Where stories live. Discover now