𝐂𝐡𝐚𝐩𝐭𝐞𝐫 (23) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

6.4K 986 70
                                    

⭐unicode⭐

"ဘုန်းခန့် ငါ့ကိုဝက်အူချောင်းလေးကျွေးမလား?"

"အင်း"

မောင်ခန့်က ဖော့ဘူးလေးထဲမှ ဝက်အူချောင်းတစ်ခုကို နှင်းနုအား ပေးလိုက်တော့ နှင်းနုတစ်ယောက် တပြုံးပြုံးနှင့် ကလေးတွေစိတ်ကြည်နူးနေရင်လုပ်လေ့ရှိသည့်အမူအကျင့်အတိုင်း ခေါင်းကိုတလှုပ်လှုပ်ဖြင့်။

Lunch timeမို့ ကျောင်းသားနားနေဆောင်လေးတွင် canteenမှ အစားအသောက်များကိုပါဆယ်ဆွဲကာ သူတို့သုံးယောက် နေ့လည်စာစားနေခြင်း။

Canteenတွင် ဤအချိန်ဆိုစားသုံးသူများဖြင့် ကြိတ်ကြိတ်တိုးကာ မျက်စိနောက်ချင်စရာပေမို့ သူတို့ အမြဲတမ်းလိုလို နားနေဆောင်လေးတွင်သာ lunch timeကိုကုန်ဆုံးသည်ကများသည်။

၁၀ပေပတ်လည်ရှိသော အခန်းလေးတွင် သူတို့သုံးယောက်မှအပ မည်သူမျှမရှိပေ။

ကျောင်းသားတွေက ဤနေရာကို သိပ်သဘောမခွေ့ကြသဖြင့် လူအရောက်အပေါက်အတော်နည်းသည်က လူရှုပ်တာ သိပ်မကြိုက်သည့် သူတို့အဖို့ကောင်းချီးတစ်ခုပေလို့ပြောရမလား။

အခန်းတွင်းရှိ air-conကြောင့် ပတ်ဝန်းကျင်တစ်ခွင် အေးစိမ့်နေသည်။

"ဒါနဲ့ အုပ်စိုး ဒီတလော ယူအရမ်းfeelတယ်နော်"

ပြုံးစစမျက်နှာပေးဖြင့် နှင်းနုကမေးတော့ ထမင်းကြော်ကို ငုံ့စားနေရာမှ မျက်လုံးလှန်ကာတစ်ချက်မော့ကြည့်ဖြစ်သည်။

ဘာမှတော့ မဖြေဖြစ်လိုက်။
ငရစ်မအကြောင်းသူအသိဆုံးပေမို့။
ဖြေလေ၊မေးလေနှင့် နေ့လည်စာပင်ပါးစပ်ထဲ တစ်စေ့မှဝင်တော့မည်မဟုတ်။

ဖန်စားပွဲဝိုင်းကြီးတွင်တင်ထားသော သူ့နံဘေးမှ ဖုန်းကို နှင်းနုတစ်ယောက်ယူဟန်ပြင်လိုက်သည်ကို မျက်လုံးထောင့်မှမြင်လိုက်ရသည်။

ပထမတော့ တားမလို့ပဲ။
နောက်တော့လည်း နှင်းနုတစ်ယောက် အာလူးမဖုတ်ဘဲ ငြိမ်နေတာပိုအေးချမ်းလိမ့်မည်ဆိုသည့်အတွေးဖြင့် ဘာမှမပြောဖြစ်။

"ဝိုး!သုခပုံကို wallpaperပါတင်ထားတယ်လား?"

ရုတ်ခြည်း အခန်းကျဥ်းလေးထဲတွင် ပဲ့တင်ထပ်သည်အထိ ဟိန်းကနဲထွက်ပေါ်လာသော နှင်းနုအသံကြောင့်
ခန္ဓာကိုယ်ပါတစ်ချက်တွန့်ကနဲ။

Someone Ordinary🍁{Completed}Where stories live. Discover now