𝐂𝐡𝐚𝐩𝐭𝐞𝐫 (13) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

7K 1K 71
                                    

⭐unicode⭐

မော်မြိုင်မြို့လေးတွင် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းပွဲတော်ဟူ၍ရှိသည်။

ထိုအချိန်အခါသမယတွင် တစ်မြို့လုံးတွင်ရှိသော ဘုန်းတော်ကြီးကျောင်းမှ ရဟန်းသံဃာတော်များအပြင် သီလရှင်ကျောင်းတိုက်မှ ဆရာလေးတွေကပါ မနက်ခင်းအာရုဏ်တက်ချိန်တွင် တစ်မြို့လုံးကိုလှည့်ကာ ဆွမ်းခံထွက်ကြရသည်။

မြို့သူမြို့သားတွေက ကိုယ်စီရပ်ကွက်ထိပ်တွင် မဏ္ဍပ်ထိုးကာ ကြည်ညိုဖွယ် ဘုရားသားတော်၊သမီးတော်ဖြစ်သော ရဟန်းရှင်များနှင့်သီလရှင်များအား ဆွမ်းဆန်လောင်းကြရသည်။

ထိုအခြင်းအရာက မနက်ပိုင်း အခန်းကဏ္ဍဖြစ်သည်။
ညပိုင်းတွင်တော့ ရပ်ကွက်တစ်ခုစီ အလှည့်အကျ ဇာတ်သဘင်ငှားကာ ပျော်ပွဲရွှင်ပွဲအစီအစဥ်ရှိသည်။

ဇာတ်သဘင်နှင့်အတူ လမ်းမကြီးတစ်လျှောက်တဲကိုယ်စီနှင့် စည်ကားပါသော ပွဲစျေးတန်းကလည်းမပါမဖြစ်ပေ။

ဤအခါအလှည့်ကျတဲ့ ရပ်ကွက်ကတော့ အုပ်စိုးပိုင်တည်းခိုနေသည့် နှင်းနုနှင့်ငြိမ်းစံတို့၏ရပ်ကွက်လေးပင်ဖြစ်သည်။

ယနေ့ညတွင်ကျရောက်မည့် ပွဲတော်အတွက် စျေးဆိုင်လေးများမှာ မနက်ကတည်းကပင် ဝီရိယ ကောင်းစွာ လမ်းမတစ်လျှောက် တဲလေးတွေထိုးနှင့်ပြီးပြီ။

တဲကိုယ်စီမှ sound boxဖြင့် ဖွင့်ထားသော သံစဥ်များကလည်း ပတ်ဝန်းကျင်တခွင် တလွင့်လွင့်။

လမ်းမကြီးတစ်လျှောက် စျေးဆိုင်များမှ ဘက်ထရီအိုးအကူအညီဖြင့် ထွန်းထားသော လျှပ်စစ်မီးချောင်းများကြောင့် ယခင်ကထက် ပိုမို၍ ထွန်းလင်းနေသည်။

အချိန်ကား ခြောက်နာရီဆယ်မိနစ်။
စောသေးသည်မို့ လူသွားလူလာမှာ ကျိုးတိုးကျဲတဲနှင့် သိပ်မစိပ်သေး။

ပွဲစျေးတန်းတွင် လျှောက်နေရင်း သင်းပျံ့လာသည့် အရသာရှိမည့်ပုံပေါ်သော ရနံ့တစ်ခု။
ဒါ မုန့်လင်မယားအနံ့လေး။

နှမ်းဆီနှင့်ဆန်မှုန့်၏ ထူးကဲလှတဲ့ လတ်ဆတ်တဲ့ရနံ့ကား အုပ်စိုးပိုင်ကို ဆွဲဆောင်နေလေပြီ။

Someone Ordinary🍁{Completed}Where stories live. Discover now