𝐂𝐡𝐚𝐩𝐭𝐞𝐫 (6) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

8.1K 1.1K 17
                                    

⭐unicode⭐

ငှက်ကလေးတွေ၏အနောက်သို့ စိတ်ဝိညာဉ်မကပ်စွာ ပြေးလိုက်နေရင်းနဲ့မှ ရုတ်တရတ်သတိပြန်ဝင်လာတဲ့အခိုက်အတန့် သိလိုက်ရတာက တော်တော်လှမ်းလှမ်း ကို လာခဲ့မိပြီး။

အခုသူရပ်နေတဲ့နေရာက နီကျင့်ကျင့်သစ်ရွက်ခြောက်တွေ ကြိုကြား၊ကြိုကြား ပြန့်ကျဲနေသော လမ်းသေးသေးလေးတစ်ခုအပေါ်မှာ။

ဘေးဘီကို ဝေ့ဝဲကြည့်လိုက်တော့ အနီရင့်ရောင်နှင့် အစိမ်းရောင်အရွက်တွေရောနှောနေသော အမည်မသိသစ်ပင်ကြီးတွေ။

မကြာခင်အချိန်ကလေးအတွင်း မှောင်ရိပ်လွှမ်းတော့မည်ဖြစ်သည်မို့ သူခြေလှမ်းတွေကို ဆန့်ကျင်ဘက်လားရာသို့ပြောင်းပြီး ခပ်သုတ်သုတ်လျှောက်တော့သည်။

သူလျှောက်သည်...ဆက်လျှောက်သည်။
မိနစ်နှစ်ဆယ်လောက်သာ တရွေ့ရွေ့ ကုန်ဆုံးသွားတယ်။
အပြင်ဘက်သို့ မရောက်သွားတဲ့အပြင် နေရာတစ်ခုတည်းကိုပင် ဝဲဂယက်တစ်ခုတည်းကျဆင်းသွားရသည့်နှယ် တဝဲလည်လည်ပြန်ပြန်ရောက်နေသလိုဖြစ်နေသည်မို့ ထိတ်ထိတ်ပြာပြာပင်ဖြစ်သွားရ၏။

ပတ်ဝန်းကျင်ကလည်း မှောင်သထက်ပို၍မည်းလာပြီ။
သည်အတိုင်းနှေးတုံ့နှေးတုံ့ဖြင့် လမ်းလျှောက်နေရုံနဲ့တင် မဖြစ်တော့။
ခပ်သွက်သွက် ပြေးမှပင်ရတော့မည်။

တုန်လှုပ်ခြောက်ခြားမှုကြောင့် အောက်သို့မကြည့်ဘဲ သတိလက်လွတ် တလွှားလွှားပြေးနေသည်မို့ သစ်တုံးကြီးတစ်ခုကို ကံဆိုးစွာသူမမြင်မိခဲ့။

"အား!"

သစ်တုံးကြီး၏ကျေးဇူးဖြင့် ခဲတချိူ့ရှိသော နေရာပေါ်ဝယ် မှောက်လျက်သား လဲကျတော့သည်။

နာကျင်မှုက ရိုးတွင်းခြင်ဆီထိတောင်စိမ့်ကနဲပင်။
အားယူပြီးမတ်တပ်ထရပ်ကြည့်ပေမဲ့ မာသောအရာတစ်ခုနှင့် ခြေချင်းဝတ်သားနုနုကို အရှိန်နဲ့ခပ်ပြင်းပြင်းရိုက်ခတ်သွားသည်မို့ ချက်ချင်းဖင်ထိုင်လျက်သားပြန်ကျသည်။
အဆစ်လွဲသွားပုံရသည်။
ကျောက်ခဲတွေနဲ့ ခိုက်မိသည့် ဒူးခေါင်းနှစ်ဖက်ဆိုလည်း ရစရာမရှိ ။
သွေးတွေဗရပွ၊ပေါက်ရာအပြည့်ဖြင့် စုတ်ပြတ်သတ်လို့။

Someone Ordinary🍁{Completed}Where stories live. Discover now