𝐂𝐡𝐚𝐩𝐭𝐞𝐫 (31) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

6.9K 969 51
                                    

⭐unicode⭐

အချိန်ကားမနက်၇နာရီခွဲ။

အိပ်ရာထဖို့ရာ အရမ်းကြီးစောလှတဲ့အချိန်တစ်ခုမဟုတ်သော်ငြား အုပ်စိုးမှာတော့ ဒီနေ့မှထူးထူးဆန်းဆန်းအိပ်ရေးမဝချင်။

သို့သော်ငြား သူများအိမ်မှာနေသည်မို့ ဘွားဘွားကြီးတို့ဘယ်လောက်ပင် သဘောကောင်းကောင်း လူမှုရေးနားလည်ရမည်ဟုသူတွေးထားသည်။

ရလဒ်အနေဖြင့် ရေချိုးခန်းထဲမှာ အုပ်စိုးတစ်ယောက်
သွားတိုက်ရင်းမျက်လုံးတွေမှေးစင်းကာ ငိုက်နေပြီ။

ထို့ကြောင့် ဖွင့်ဟထားသော ရေချိုးခန်းတံခါးကနေ လူတစ်ယောက် အထဲသို့ဝင်လာသည်ကို သတိမမူမိလိုက်။

ထိုသူကတော့ ပုဆိုးတစ်ထည်ဝတ်ကာ ရေချိုးဖို့ရာ ဆင်းလာပါသော သုခ။

သုခ တံခါးကိုအသာစေ့ကာ အတွင်းဖက်မှနေ၍ လော့ချပြစ်လိုက်သည်။

အခုဆို ကိုကိုနဲ့သူ ချစ်သူတွေဖြစ်တာ တစ်ပတ်ကျော်ခဲ့ပြီ။

မကြာသေးခင်အချိန်ကမှ ပူပူနွေးနွေးဖြစ်ခဲ့တဲ့ ရည်းစားလေးနဲ့ သီးသန့်တွေ့ချိန်ဆိုတာ လက်ချိုးရေလို့ပင်ရသည်အထိ။

အစိုးရိမ်လွန်တတ်ပါသော ကိုကိုက လက်ကလေးကိုင်ဖို့ရာကြိုးစားမိတာကိုပင် ဘွားဘွားကြီးတို့ရှိလို့ သုခကို ဆို အနားအကပ်မခံရတာနဲ့။

မနက်ပိုင်းအဆင်မပြေလည်း ညဖက်ဆိုလွတ်လွတ်လပ်လပ်တွေ့လို့ရမှာပါဆိုပြီး အားခဲကာ တစ်ညလောက် မိမိနဲ့အတူတူ အိပ်ဖို့ရာ တောင်းဆိုကြည့်ခဲ့ပေမဲ့ ဘွားဘွားကြီးတစ်မျိုးတစ်မည် ထင်သွားမည်ဆိုပြီး အရာအားလုံးကို ဘွားဘွားကြီးနှင့်သာကိုင်ပေါက်နေ​လေတော့
သူ့မှာ ထိရက်စရာမရှိအောင်ဖြူဖွေးပြီး ချစ်စရာကောင်းလှတဲ့ ချစ်သူလေးကိုမြင်သာမြင်ပြီး မကြင်ရတဲ့ဘဝ။

ဒီနေ့တော့ သုခရဲ့ကံဆိုးမှုတွေ ကုန်ဆုံးတော့မည့်နေ့ရက်လို့ပြောရမလား။

မနေ့ညက ရွာကဘွားလေးဖြစ်သူသည် လှေကားပေါ်ကနေ ခြေချော်ပြီး လဲကျသွားသည်မို့ ခြေချင်းဝတ်အဆစ်လွဲသွားကာ အိပ်ရာထဲမှ လုံးလုံးမထနိုင်ပေ။
ထို့ကြောင့် ဒီနေ့နေ့လည် ဘွားဘွားကြီးနှင့်မမတို့ ရွာကို သွားကြမည်ဖြစ်သည်။
နှစ်ပတ်လောက် ဘွားလေးနှင့်အတူနေပေးမည်ဟုလည်းပြောသည်။

Someone Ordinary🍁{Completed}Where stories live. Discover now