𝐂𝐡𝐚𝐩𝐭𝐞𝐫 (26) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

6.8K 1K 47
                                    

⭐unicode⭐

"အဟန့်!"

ကျယ်လောင်စွာထွက်ပေါ်လာသော ချောင်းဟန့်သံကား ဘေးပတ်ဝန်းကျင်ကို မေ့လျော့သည်အထိ ထွေးပွေ့နေကြသော သူတို့နှစ်ယောက်အား ချက်ချင်းပင်
အသိဝင်လာစေကာ လန့်ဖြန့်စေသည်။

ပူးကပ်နေရာမှ ကပြာကယာ ခွာလိုက်ပြီး အသံပိုင်ရှင်ရှိရာသို့ အကြည့်တွေကိုပို့လိုက်တော့ ပြုံးစစမျက်နှာပေးဖြင့်ရပ်နေသော ငြိမ်းစံ။

သူတို့နှစ်ယောက်သည် ခြံတံခါးနှင့်လမ်းမကိုဆက်သွယ်ပေးထားသော အဝင်အထွက်လမ်းကလေး၏အလည်တွင်။

ငြိမ်းစံကတော့ ထိုလမ်းလေး၏ထိပ်တွင်ရပ်နေခြင်း။

လက်နှစ်ဖက်လုံးတွင်လည်း စျေးခြင်းတောင်းကြီးတစ်ခုအပြင် အထုတ်နှစ်ထုတ်လောက်ပါ ဆွဲထားသေးသည်။

ငြိမ်းစံရဲ့ အဓိပ္ပာယ်ပါသော အပြုံးကား သူ့အားပါးပြင်နှစ်ဖက်တွင် အပူလှိုင်းတွေဖြတ်ပြေးသည်အထိ ရှက်ရွံ့စေသည်။

သူတို့နှစ်ယောက် အိမ်ရှေ့မျက်နှာစာမှာ မိုးမမြင်လေမမြင်သည်အထိ ဖြစ်ပျက်နေကြတာပဲ။

ဖက်နေတုန်းကအကောင်း လူမိမှ ရှက်ရကောင်းမှန်းသိရတော့သည့်အဖြစ်။

"ဟို ကြီးကြီးကိုဝိုင်းလုပ်ရအုံးမှာပဲ။ ငြိမ်းစံ နောက်မှအေးဆေးတွေ့မယ်နော်"

ပေါက်ပန်းလေးဆယ်တွေ ပြောပြီးသည်နှင့် ငြိမ်းစံရော သုခရောကိုပင် တစ်ချက်မှ လှည့်မကြည့်ပါဘဲ တစ်ဖက်ခြံသို့ သုတ်ခြေတင် ပြေးရတော့သည်။

တော်သေးတာပေါ့..။
ငြိမ်းစံက မျက်နှာထိမျက်နှာထားနဲ့ မသင်္ကာသလို မကြည့်လာလို့..။

သူခိုးလူမိသွားသလို ဖြစ်သွားတာနဲ့ပဲ ကြည်နူးနေတာတွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်ရပြီ..။

ပြန်တွေးကြည့်တော့ အချိန်ကောင်းမှာမှ ကွက်တိလာနှောင့်ယှက်ပါသော ငြိမ်းစံကို နည်းနည်းလေး အခဲမကြေဖြစ်သွားရသလို...။

ကိစ္စတော့မရှိပါ..။
အချိန်တွေအများကြီးရှိသေးရုံတင်မက ကောင်လေးဆီမှာပါ သူ့ကိုလိုလားနေတဲ့ အရိပ်အယောင်တွေ တပိုင်းတစမြင်နေရပြီမို့ ရည်ရွယ်ချက်ပန်းတိုင်ကို ကြိုးစားရင် သိပ်မကြာခင်ရောက်နိုင်မည်ထင်ပါရဲ့..။

Someone Ordinary🍁{Completed}Where stories live. Discover now