𝐂𝐡𝐚𝐩𝐭𝐞𝐫 (24) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

6.5K 965 21
                                    

⭐unicode⭐

*ဒေါက်..ဒေါက်*

"လော့မချထားဘူး"

လက်မှလည်း mouseကို အရွှေ့မရပ်၊မျက်လုံးတွေကလည်း စာရေးခုံပေါ်မှ laptop screenပေါ်ရှိ အကြောင်းအရာတချို့ကို အာရုံစူးစိုက်နေမှု မပျက်ပါဘဲ အပြင်ဖက်ရှိတံခါးခေါက်သူအား လှမ်းအော်ကာပြောလိုက်သည်။

သင်တန်းမှ ပို့ချသော သင်ခန်းစာတွေကို အုပ်စိုးပိုင်တစ်ယောက် အားကျိုးမာန်တက် ဆည်းပူးရုံတင်မကအားလပ်ချိန်တွေမှာလည်း internetပေါ်က မြန်မာ sign languageနှင့် ပတ်သတ်သမျှ websiteတွေ pageတွေကို လိုက်လံရှာဖွေကာ အပတ်တကုပ် လေ့ကျင့်ဖြစ်သည်။

"သား စာလုပ်နေတာလား?"

ဖေဖေကအခန်းတွင်းသို့ ဝင်လာပြီး ကုတင်စောင်းတွင် ဝင်ထိုင်ကာ laptopတစ်လုံးနှင့် သီးသန့်ကမ္ဘာတည်နေပါသော သူ့ကိုအပြုံးလေးနှင့်မေးခြင်း။

ဖေဖေက အကြောင်းတစ်စုံတစ်ရာရှိမှ အိပ်ခန်းအတွင်းထိ လာတွေ့တတ်သူမို့ လုပ်လက်စကိစ္စကို ချက်ချင်းရပ်လိုက်ရသည်။

"ရတယ် ဖေဖေ။ပြောစရာရှိရင် ပြောပါ"

အရင်က ဖေဖေ့အပေါ်သူ အေးတိအေးစက်ဖြင့်မထုံတတ်တေး လုပ်ခဲ့ဖူးသော်ငြား ယခုအချိန်မှာတော့ သူဖေဖေနှင့် နွေးနွေးထွေးထွေးသာ နေချင်မိတော့သည်။

မေမေဆုံးပြီးပြီးချင်း နှစ်လလောက်ကြာသည်နှင့် ကောက်ကာငင်ကာ လက်ထပ်လိုက်သည်ကိုတော့ သိပ်ဘဝင်မကျသော်လည်း အချစ်ဆိုတဲ့အရာနဲ့ ထိပ်တိုက် ကြုံလာရင် ထိန်းချုပ်နိုင်စွမ်းတွေကင်းမဲ့သွားကြောင်း သဘောပေါက်လာရပြီမို့။

"ထွေထွေထူးထူးရယ်တော့မဟုတ်ပါဘူး။သားကို နောက်တစ်လစာမုန့်ဖိုးကြိုပေးမလို့"

ကမ်းလင့်ပေးသော ဖေဖေ့လက်ထဲက တစ်သောင်းတန်
စက္ကူရွက်တွေထပ်ထားသော ပိုက်ဆံသုံးအုပ်ကို တစ်ချက်ကြည့်လိုက်ပြီး ထိုင်ခုံပေါ်မှထကာယူလိုက်သည်။

ဖေဖေကအမြဲလိုလို မိမိလိုအပ်သမျှကို နှုတ်နှင့်ပင်ဖွင့်ဟပြောစရာမလိုအောင် ဖြည့်ဆည်းပေးတတ်သည်။

Someone Ordinary🍁{Completed}Where stories live. Discover now