𝐂𝐡𝐚𝐩𝐭𝐞𝐫 (28) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

6.5K 922 7
                                    

⭐unicode⭐

"ကြီးကြီး ကျွန်တော့်ကိုပေး ကျွန်တော်သွားပစ်ပေးမယ်။ ကျွန်တော်တို့ရှိတာကို ခိုင်းရောပေါ့ဗျာ"

အုပ်စိုးပိုင်တစ်ယောက် ကြီးကြီးအား ဂရုဏာဒေါသောဖြင့် ပြောလိုက်မိတော့ အသံကအနည်းငယ်မာသက်သက်။

မပြောလို့လည်းမရ။
မနေ့ကပဲ ကိုယ်လက်တွေကိုက်ခဲပြီး ခါးနာပါတယ်ဆိုတဲ့ ကြီးကြီးက ဒီနေ့တစ်မနက်လုံးမီးဖိုချောင်မှာတကုပ်ကုပ်လုပ်နေတာ သူတို့လုပ်လိုက်ပါ့မယ် အေးဆေးနားပါလို့ သုံးယောက်သားဝိုင်းဖျောင်းဖျတာတောင် မရ။

အခုလည်း အမှိုက်ထုတ်ကြီးနှစ်ထုတ်ကို လက်တစ်ဖက်ဆီမှာဆွဲပြီး အမှိုက်တောင်းတွေရှိရာတစ်ဖက်လမ်းဆီသွားဖို့ ပြင်နေပြန်သည်။

"ရပါတယ် သားရယ်။ကြီးကြီးပဲ"

"ကြီးကြီးပဲမရဘူးနော်။ကျွန်တော်ပဲသွားပစ်လိုက်မယ်။ကြီးကြီးက နားတော့ ဟုတ်ပြီလား"

"ကဲကဲ ဒီလောက်သွားပစ်ချင်သပဆိုလည်း သွားပစ်တော့ ကိုယ်တော်လေးရေ"

မျက်စောင်းလေးတခဲခဲနဲ့ အထုပ်နှစ်ထုပ်ကို ကမ်းပေးလာတဲ့ ကြီးကြီး။
ကြီးကြီးလက်ထဲမှ အမှိုက်ထုပ်ကြီးနှစ်ထုတ်ကို ယူလိုက်တော့ လေးလိုက်တဲ့ဖြစ်ခြင်း။
ဒါတောင် ကြီးကြီးတစ်ယောက် ပေကပ်ကပ်လုပ်ချင်
နေသေး။

အမှိုက်ထုပ်ကို လက်တစ်ဖက်စီမှာဆွဲပြီး တစ်ဖက်လမ်းဆီသို့ ထွက်လာခဲ့သည်။

ထိုလမ်းလေးမှာ နေအိမ်ဟူ၍ တစ်အိမ်မျှမရှိ။
လူသွားလူလာလည်း နေ့လည်နေ့ခင်းကြီးမှာတောင် သရဲခြောက်ခံလို့ရအောင်အထိ ပြတ်နေသည်။

လမ်းအဆုံးတွင် စီရရီထောင်ထားသော အမှိုက်တောင်းကြီးတွေ။

အနားသို့ရောက်လေ အမှိုက်စိုတွေဆီကလာတဲ့ ချဥ်စူးစူး ပုပ်သိုးသိုးအနံ့ဆိုးတွေကပိုမိုတဟောင်ဟောင်ထလေကြောင့် ရင်ဘတ်တွင် ပြည့်ကယ်လာရသည်။

အမှိုက်ထုတ်နှစ်ခုအား တောင်းကြီးတစ်ခုဆီသို့ ပစ်ထည့်လိုက်စဥ်..တရှပ်ရှပ်နှင့် မိမိအနောက်ဖက်မှထွက်ပေါ်လာသောအသံတွေ။

Someone Ordinary🍁{Completed}Where stories live. Discover now