SAUDADE - 19 [Z×U]

908 109 10
                                    

လက်တွေဆန့်တန်းရင်း မျက်လုံးတစ်ဖက်မှိတ် တစ်ဖက်ဖွင့်ဖြင့် နိုးလာတဲ့ KyungSoo က မရင်းနှီးတဲ့ အခန်းပုံစံကြောင့် ပြူးတူးပျာတာဖြစ်သွားရသည်။

"ဒါက ဘယ်နေရာလဲ ... JongIn ကရော "

ဘယ်နေရာရောက်နေမှန်းမသိတာမို့လို့
အိပ်ယာပေါ်ကနေ ချက်ချင်းထပြီးတော့ ခုံပေါ်မှာတင်ထားတဲ့ ဖုန်းဆီသို့ လက်လှမ်းလိုက်သည်။

"နိုးပြီလား"

ဖုန်းဆက်ဖို့လုပ်နေတုန်း ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့် KyungSoo မှာ လန့်သွားရသည်။လက်ထဲကဖုန်းတောင် လွတ်ကျသွားတော့မလိုလို။

"JongIn "

ခပ်ပွပွ ဘောင်းဘီအရှည်ရယ် ၊ တီရှပ်ရယ် ဝတ်ထားတဲ့ JongIn က သူ့ကို ဘာလုပ်နေတာလဲ ဆိုတဲ့ အမူအရာမျိုးနဲ့ကြည့်လာတယ်။ နဖူးပေါ်ကျနေတဲ့ ခပ်စိုစိုဆံပင်ကိုကြည့်ချင်းအားဖြင့် JongIn က အခုမှ ရေချိုးပြီးခါစဖြစ်လိမ့်မယ်လို့ KyungSoo တွေးလိုက်မိတယ်။

"သြော် .. အင်း နိုးပြီ .. ဒါနဲ့ ဒီနေရာ ဘယ်နေရာလဲ "

ဟိုကြည့်ဒီကြည့်နဲ့ မေးလိုက်ပေမယ့် JongIn က သူ့လက်ထဲက ဖုန်းကိုကြည့်လာတာမို့လို့ ဖြေရှင်းချက်အမြန်ပေးလိုက်ရသည်။

"အာ ဒါက နိုးလာတော့ ငါတစ်ယောက်ထဲ ဖြစ်နေတာနဲ့ ဖုန်းဆက်မလို့လုပ်နေတာ "

အချိုသတ်ထားတဲ့အပြုံးနဲ့ အ ထစ် အ ထစ် ပြောနေတဲ့ KyungSoo က ကလေးလေးတစ်ယောက်ကဲ့သို့။

"မဟုတ်တာတွေ တွေးမနေနဲ့ ... ဒီနေရာက
ကျွန်တော့်အိမ် ၊ ဒါက ကျွန်တော့်အခန်း "

"မင်းအိမ် ... "

KyungSoo မှာ ပို၍တောင်အံ့သြသွားရသည်။ ဒါက JongIn ရဲ့ အခန်းတဲ့လား ...
သူ JongIn ရဲ့အိမ်မှာ နေခဲ့ဖူးပေမယ့် အခန်းထဲကို တစ်ခါမှမရောက်ဖူးတာမို့လို့ KyungSoo မသိတာဖြစ်သည်။

"လုပ်စရာရှိတာလုပ်ပြီး မြန်မြန်ဆင်းလာခဲ့ "

"ဟို JongIn "

Saudade [Z×U] CompleteWhere stories live. Discover now