Saudade- 27 [Z×U]

667 95 7
                                    

JongIn တစ်ယောက် အလုပ်မှာ လက်စသတ်စရာရှိတာတွေကို လုပ်နေရင်းနဲ့ အိမ်ပြန်ဖို့ကို ဖင်တကြွကြွဖြစ်နေ၏။

KyungSoo ကို Message ပို့ထားပေမယ့်လဲ အခုထိပြန်စာမရသေးတာကြောင့် ဖုန်းတကြည့်ကြည့်ဖြစ်နေရသည်။

"ဖုန်းမကိုင်ဖြစ်လို့ Message ကို မမြင်တာလား ... "

သူ့မှာ လက်မှတ်ထိုးရမယ့်စာရင်းတွေကိုစစ်လိုက် ၊ Message မပို့သေးလို့မျှော်လိုက်ဖြင့် တစ်မနက်ခင်းလုံးအချိန်ကုန်သွားခဲ့သည်။

နေ့လယ်ရောက်တော့ JongIn အိမ်ကိုပဲတန်းသွားလိုက်သည်။ ရောက်ရောက်ချင်း KyungSoo ကိုမတွေ့တာကြောင့် မေးလိုက်တော့ သူ့အဖေရောက်လာတာကိုသိသွားခဲ့သည်။ သိသိချင်း စိတ်ပူစွာနဲ့အမြန်ပဲ KyungSoo အခန်းဆီကိုသွားလိုက်တော့ လော့ခ်ချထားလေ၏။

"Hyung... Hyung ကျွန်တော်ပါ။ အရင်ဆုံး တံခါးလေးဖွင့်ပေးပါဦး ... နော် ကျွန်တော်စိတ်ပူလို့ပါ Hyung ရဲ့ "

တံခါးကိုပုတ်ရင်းအော်ပြောနေပေမယ့် အထဲကနေ တစ်ခွန်းတစ်လေတောင်တုံ့ပြန်မလာတာကြောင့် JongIn ရဲ့ စိုးရိမ်စိတ်တွေ မြင့်တက်လာခဲ့သည်။

"Hyung အဆင်ပြေရဲ့လား။ အရင်ဆုံး ... ဘာမှ
မပြောချင်ရင်တောင် ကျွန်တော့်ကို အဆင်ပြေတယ် မပြေဘူးဆိုတာပဲပြောပေးပါလား .. နော် ...
ကျွန်တော် စိတ်ပူလို့ပါ ... "

တုံ့ပြန်သံသည်မရသေးတာကြောင့် JongIn သူ့အခန်းမှာထားထားတဲ့ သော့အပိုကိုယူပြီးတော့ဖွင့်လိုက်လေ၏။ တံခါးဖွင့်ဖွင့်ချင်းမှာပဲ ပြန့်ကျဲနေတဲ့ ဖန်ကွဲစတွေက ဆီးကြိုနေတာကြောင့် သူ့မှာ ပို၍စိတ်ပူသွားရသည်။

ထောင့်လေးကပ်ပြီး ဒူးခေါင်းလေးကိုပိုက်ကာ ငိုနေတဲ့ KyungSoo ရဲ့ ပုံစံကိုမြင်ရတာဟာ JongIn ရင်ကို မီးနဲ့ထိုးဆွလိုက်သလိုပင်။

ခြေလှမ်းတွေက ဖြည်းဖြည်းချင်းပဲ KyungSoo ဆီသို့ရောက်သွားခဲ့သည်။ သူ တုန်ယင်နေတဲ့ လက်တွေနဲ့ KyungSoo ရဲ့ လက်ချောင်းတွေ
ကို ထိလိုက်တော့ KyungSoo ရဲ့ခန္ဓာကိုယ်လေးဟာလဲ ဆက်ကနဲဖြစ်သွားလေ၏။

"H. .. Hyung "

JongIn မရဲဝင့်စွာနဲ့ပဲ သူ့ရဲ့ကွဲရှနေတဲ့ အသံဖြင့်ခေါ်လိုက်မိတော့ KyungSoo က ခေါင်းလေးမော့ကာကြည့်လာလေရဲ့။ဒါပေမယ့် မျက်ဝန်းတွေကတော့ အင်မတန်မှကိုမှိုင်းညို့နေတယ်။

Saudade [Z×U] CompleteWhere stories live. Discover now