"အရောင်တွေ မမြင်ရတော့ဘူး " ဆိုတဲ့ စကားက JongIn နားထဲမှာပဲ့တင်နေသည်။
မျက်ခုံးတန်းတန်းအောက်မှာရှိတဲ့ ဝိုင်းစက်နေတဲ့ မျက်ဝန်းတွေကိုကြည့်မိတော့ အရည်ကြည်လေးတွေဝေ့နေ၏။
တစ်ဆက်တည်းမှာပဲ အသက်ရှူမဝတော့သလိုလိုနဲ့ ရင်ဘက်ထဲမှာ တစ်ခုခုက ပိတ်ဆို့
နေ၏။"ဟက် ... လျှာရိုးမရှိတိုင်း လျှောက်ပြောမနေနဲ့ "
မဖြစ်နိုင်တဲ့ အကြောင်းအရာဖြစ်သည့်အတွက် တုန်လှုပ်သွားတဲ့အမူအရာကိုထိန်းရင်း
အရွဲ့တိုက်ရယ်ကာပြောလိုက်သည်။ တကယ်တမ်း လက်မခံချင်တာ~"ယုံတာမယုံတာ မင်းသဘောပါ ...
ငါ့ကိုအိမ်ပြန်ပို့ပေးတော့"မျက်ရည်တွေကိုသုတ်ပြီး အိမ်ပြန်ပို့ပေးဖို့တောင်းဆိုနေတဲ့ KyungSoo ရဲ့ ပုံစံဟာ ဒီနေ့မှ
သနားဖို့ကောင်းနေသည်ဟု ခံစားရသည်။"ဘယ်သူက မင်းကို ပို့ပေးမယ်ပြောလို့လဲ
မင်းကို ဒီကိုခေါ်လာကတည်းက ပြန်ပို့ဖို့အစီအစဉ်မရှိဘူး ""JonIn Ya "
"မခေါ်နဲ့ "
ကျယ်လောင်သွားတဲ့ ဟိန်းဟောက်သံကြောင့်
လက်ကိုဆွဲထားပြီး အကူအညီတောင်းနေတဲ့ Kyungsoo က JongIn ကို မော့ကြည့်မိသည်။"အိမ်ပြန်ချင်တယ်မလား ... "
တကယ်ကိုမှ တိုးတိုးလေးပြောလိုက်တဲ့အသံကြောင့် KyungSoo ကြက်သီးတွေထလာပြန်သည်။
"ဒါဆို ငါခိုင်းတာလေး တစ်ခုလုပ်ပေး
လုပ်နိုင်ရင် အိမ်ပြန်ရမယ် ",နှုတ်ခမ်းပါးတစ်ဖက် တွန့်ကွေးနေအောင်ပြုံးပြီးတော့ KyungSoo ကို အောက်ထပ်သို့ခေါ်လာခဲ့သည်။
အိမ်အောက်ထပ်မှာတော့ အလုပ်သမားတွေပြည့်နေသည်။ ကိုယ့်အလုပ်ကို တာဝန်ကျေစွာ လုပ်နေရင်းကနေ JongIn ကိုမြင်တော့ အရိုအသေပေးကြ၏။
JongIn က အရှေ့ကနေသွားပြီးတော့ ဧည့်ခန်းမှာ ခြေချိတ်ထိုင်လိုက်သည်။
YOU ARE READING
Saudade [Z×U] Complete
Fanfictionမင်းကိုစောင့်ရလို့ တစ်ခါလေးတောင် မငြီးငွေ့ခဲ့ဖူးဘူးဆိုတာကို အကြိမ်ပေါင်းများစွာပြောခဲ့ဖူးပါရဲ့... မင်းကိုစောင့်ရလို့ တစ်ခါလေးတောင် မငြီးငွေ့ခဲ့ဖူးဘူးဆိုတာကို အကြိမ်ပေါင်းများစွာပြောခဲ့ဖူးပါရဲ့...