Saudade - 26 [Z×U]

746 88 6
                                    

JongIn ခုနကတည်းက မျက်နှာမကောင်းတာကို သူသတိထားမိသည်။ လမ်းတစ်လျှောက်လုံး JongIn ရဲ့ အရိပ်အကဲကို ကြည့်လာခဲ့တာကြောင့် တစ်ခုခုဖြစ်နေတယ်ဆိုပြီး KyungSoo တွေးလိုက်မိသည်။

ကားဟာ အိမ်ရှေ့မှာရပ်သွားခဲ့တော့ KyungSoo မနေနိုင်စွာဖြင့် JongIn ဖက်ကိုလှည့်ရင်းမေးလိုက်၏။

"JongIn. .. တစ်ခုခုဖြစ်နေတာလား
မျက်နှာလည်းမကောင်းဘူး ... တစ်ခုခုဖြစ်ရင် ငါ့ကို ပြောပြလေ "

"ဘာမှမဖြစ်ပါဘူး Hyung ရဲ့ ... နေသိပ်မကောင်းချင်သလိုဖြစ်ရုံပါပဲ "

JongIn က KyungSoo လက်ကလေးကို အသာဆုပ်ကိုင်ပြီးပြောလိုက်တော့ KyungSoo  မှာ စိုးရိမ်တကြီးဖြင့် သူ့ရဲ့နဖူးကိုလာစမ်းလေရဲ့။

"မြန်မြန်အိမ်ထဲဝင်ပြီးနားရအောင် ... ငါ JongIn အတွက် တစ်ခုခုလုပ်ပေးမယ် "

JongIn က ပြုံးပြရင်းဖြင့် ခေါင်းလေးညိတ်ပြလိုက်သည်။ ပြီးတော့ KyungSoo ရဲ့ အလိုကျအတိုင်း အနားယူဖို့အတွက် အခန်းထဲသို့ ဦးစွာဝင်လာခဲ့လိုက်သည်။

"Ravi မေးစရာရှိလို့ "

KyungSoo က မီးဖိုချောင်ထဲမှာ သူ့အတွက် တစ်ခုခုပြင်ပေးနေတာကြောင့် အချိန်ရတုန်းလေး Ravi ဆီကို ဖုန်းဆက်လိုက်သည်။

ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့ Ravi က အံ့သြနေလေရဲ့။ သူစုံစမ်းပေးမယ်ဆိုပြီးတဲ့နောက် KyungSoo မလာခင် အရင် ဖုန်းချလိုက်ပြီးတော့ အိပ်ယာပေါ်လှဲကာ မျက်ဝန်းတွေမှိတ်ရင်းဖြင့် အနားယူနေမိသည်။

ဒေါက် ဒေါက် ဒေါက်

"JongIn. . ငါ ဝင်လာခဲ့မယ်နော် "

ဗန်းလေးကိုင်ပြီးဝင်လာတဲ့ KyungSoo ကိုလည်းမြင်ရော JongIn အမြန်ထထိုင်လိုက်သည်။

"ငါ ထမင်းပျော့ပျော့လေးရယ် ၊ ငါးအသားလေးရယ်၊  ကျီဂဲရယ် လုပ်လာခဲ့တယ်။ နည်းနည်းဖြစ်ဖြစ်စားလိုက်နော် "

KyungSoo က ဗန်းလေးကို ခုံလေးပေါ်မှာတင်လိုက်ပြီးတော့ JongIn  ရဲ့အနားကိုသွားလိုက်သည်။

"ခေါင်းကိုက်တာတွေရော ရှိလား ... အိပ်မပျော်တာကြောင့်နေမယ် ... သက်သာရဲ့လား "

Saudade [Z×U] CompleteWhere stories live. Discover now