Saudade-17[Z×U]

1.2K 145 13
                                    

Ravi ရဲ့ အိမ်ကိုရောက်တော့လဲ JongIn က သူ့ကို ပွေ့ချီပြန်သည်။ KyungSoo က ကိုယ့်ဘာသာကိုယ် လျှောက်မယ်လို့ပြောပေမယ့်လဲ JongIn က သူပြောတာကိုနားမထောင် ~
Ravi ကလဲ သူနဲ့ JongIn ရဲ့ ပုံစံကိုမြင်ပြီး
အံသြနေ၏။

အခန်းဆီရောက်တော့ JongIn က သူ့ကိုအိပ်ယာပေါ်ချပေးသည်။

"ပြောစရာရှိလို့လား"

JongIn ရဲ့ စကားကြောင့် KyungSoo မှာ အို့တို့အန်းတန်းဖြစ်သွားသည်။

"ကျေးဇူးတင်တယ်လို့ ပြောမလို့ ... "

ဒါပေမယ့် JongIn ကတော့ ဘာမှမပြောပဲ အခန်းထဲကထွက်သွား၏။ သူထွက်သွားတော့မှ KyungSoo မှာ အသက်ဝဝရှူနိုင်တော့တယ် ...
အိပ်ယာပေါ်မှာလှဲရင်းနဲ့ JongIn က သူ့ကိုပွေ့ချီတာကို ပြန်တွေးနေမိသည်။
ပြီးတော့ KyungSoo ရဲ့မျက်ဝန်းတွေဟာလဲ ဖြည်းဖြည်းချင်းမှိတ်သွားတော့တယ်။

"JongIn .. စကားပြောရအောင် "

"ခဏလေး ဒါတွေသွားထားခိုင်းမလို့ "

"အဲ့တာဘာတွေလဲ ... "

"ဖိနပ်တွေ "

"ဒီလောက်အများကြီး .. ဘာလို့ "

"သူ့မှာ စီးစရာမရှိလို့ "

ဖိနပ်ဘူး ၂၀ လောက်ကို KyungSoo ရဲ့ အခန်းထဲ သွားထားခိုင်းနေတဲ့ JongIn ရဲ့ ပုံစံကိုကြည့်ပြီး Ravi လုံးဝအံသြနေသည်။
JongIn ဟာ KyungSoo အပေါ်မှာ တစ်ခါမှ ကြင်နာခြင်းမရှိခဲ့ဖူးတာမလား ~~

"ရုတ်တရက်ကြီး .. ဘာလို့လဲ "

Ravi ရဲ့ စကားကိုကြားတော့ JongIn က သူ့ကိုတစ်ချက်ကြည့်လိုက်သည်။

"သနားလို့ .. "

"ဘာ .. "

"သနားလို့လေ ... အားကိုးစရာမရှိပဲ ဒီလိုနေနေရတာ အရမ်းသနားစရာကောင်းတယ်မလား .. အဲ့တာကြောင့် နည်းနည်း ကောင်းပေးလိုက်တာ "

"မင်း .."

JongIn ရဲ့စကားလဲဆုံးရော Ravi ရဲ့ လက်သီးက JongIn ရဲ့ မျက်နှာပေါ်ရောက်ပြီးသားဖြစ်သားဖြစ်သွားသည်။

JongIn က ပေါက်သွားတဲ့ နှုတ်ခမ်းကို ကိုင်ပြီးတော့ Ravi ကိုကြည့်ရင်း မဲ့ပြုံးပြုံးလိုက်သည်။

Saudade [Z×U] CompleteWhere stories live. Discover now