SAUDADE - 31[Z×U]

1.6K 95 15
                                    

~Final ~

JongIn ဂျယ်ဂျူဒိုကိုရောက်နှင့်နေတာ ၃ ရက်ရှိနေပြီဖြစ်သည်။ Ravi ရဲ့အကူအညီနဲ့ လူလွှတ်ပြီးတော့ရှာခိုင်းထားပေမယ့် အခြေအနေမထူးတာကြောင့် သူကိုယ်တိုင်ဆင်းလာရခြင်းဖြစ်သည်။

အခုလည်း ဂျယ်ဂျူဒိုရဲ့ အစွန်အဖျားနေရာမှာရှိတဲ့ ရွာကို ဘုမသိဘမသိနဲ့ ရောက်လာခဲ့ရသည်ပင်။

KyungSoo များ ရှိလို့ရှိငြား လှည့်ပတ်ရှာရင်းကနေ တစ်နေရာရောက်တော့ ဆူညံနေတဲ့အသံတွေကြောင့် ဘာရယ်မဟုတ်ပဲ သွားကြည့်လိုက်မိသည်။ လူနှစ်ယောက်စကားများနေကြတာဖြစ်လို့ ကိုယ့်အရေးမဟုတ်တာကြောင့် လှည့်ထွက်မည်အလုပ် ရင်းနှီးနေတဲ့ ကျောပြင်လေးကိုမြင်လိုက်ရလို့ သေချာကြည့်မိတော့မှ သူအတော်ကြာရှာနေသည့် Hyung ဖြစ်နေသည်။

ုနောက်ဆုံးတော့ပြန်တွေ့ရပြီဖြစ်လို့ ဝမ်းသာသွားပေမယ့်လဲ မျက်စိရှေ့မှာ မြင်လိုက်ရတဲ့ အပြုအမူကြောင့် ဒေါသကထောင်းကနဲထွက်လာရသည်။ ရာရာစစ
သူ့ရဲ့ Hyung ကိုများ တွန်းလိုက်တယ်ပေါ့။

"ခင်များတစ်ခုခုမဖြစ်ချင်ရင် အခုချက်ချင်း ဒီလူကိုတောင်းပန်လိုက် ... ချက်ချင်း "

JongIn ဟာ ဒေါသထွက်နေတာကြောင့် လက်သီးကိုတင်းတင်းဆုပ်ထားပြီးတော့ ထိုလူအား ဝါးစားမတတ်ကြည့်နေသည်။ တစ်လှမ်းချင်းစီ ရှေ့တိုးသွားတော့ ခုနကလူက ကြောက်ကြောက်လန့်လန့်နဲ့ "အရူး" လို့ပြောပြီးတော့ ထွက်ပြေးသွားလေ၏။

ထိုလူလည်းသွားရော ဘေးနားကနေ ဝိုင်းကြည့်နေတဲ့သူတွေပါ JongIn ရဲ့ဝါးစားမတတ်ဖြစ်နေတဲ့ အမူအရာကြောင့် အလျှိုလျှိုပြန်ကုန်ကြတော့၏။

KyungSoo ကတော့ ကျကွဲသွားတဲ့ ပန်းအိုးစတွေကို ကောက်ယူပြီးတော့ ဂေါ်ပြားထဲထည့်နေလေ၏။

"Hyung "

JongIn ရဲ့ အသံကိုလည်းကြားရော KyungSoo ရဲ့ လက်လေးတွေက ရပ်တန့်သွားလေ၏။ ဒါပေမယ့် သူဘာမှမပြောပဲ ဆိုင်ထဲကိုပဲဝင်သွားခဲ့လိုက်၏။

"Hyung "

JongIn ဟာ အလျှော့မပေးပဲ KyungSoo သွားရာနောက်ကို လိုက်ပြီး သူ့ကိုခေါ်နေလိုက်သည်။
ဒါပေမယ့် KyungSoo ကတော့ သူ့ကိုတစ်ချက်လေးတောင်မကြည့်။

Saudade [Z×U] CompleteWhere stories live. Discover now