" ငါ မင်းဆီကနေထွက်သွားချင်ပြီ "
ထိုစကားက JongIn ရဲ့ခေါင်းကို မိုးကြိုးပစ်ချလိုက်သလိုပင်။ နောက်ပြီး ရင်ထဲမှာ တစ်ခုခုကဆို့တစ်သွားပြီးတော့ တစ်ဆက်တည်းမှာပဲ နာကျင်လာရပြန်၏။
"Hyung ဘာတွေပြောနေတာလဲ "
"ငါတို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ကြရအောင် "
"ဘာတွေပြောနေတာလဲ Hyung ရဲ့ ... ကျွန်တော် ဘာတစ်ခုမှကို နားမလည်တော့ဘူး "
JongIn ပျာပျာသလဲနဲ့ KyungSoo ရဲ့ လက်တွေကိုဆုပ်ကိုင်ပြီးတော့မေးလိုက်သည်။
"Hyung ပဲ ကျွန်တော့်ကိုချစ်တယ်ဆို ...
စောင့်နေရလို့ တစ်ခါလေးတောင် နောင်တမရခဲ့ဘူးဆို။ ဒီနှစ်တွေအတွင်းကျွန်တော့်ကို ချစ်ခဲ့တာမလား အဲ့တာကို ဘာလို့ အခု အဲ့စကားပြောရတာလဲ "JongIn မျက်ရည်တွေပါကျလာရင်းနဲ့ KyungSoo ရဲ့လက်တွေကို ပိုပြီးတင်းကျပ်အောင်ဆုပ်ကိုင်ထားမိသည်။
"ကျွန်တော် Hyung ကို ချစ်မိသွားတော့မှ ဘာလို့ ဒီလိုစကားပြောရတာလဲ "
JongIn ရဲ့ အသံတွေက မြေပြင်ပေါ်ကျကွဲသွားတဲ့ဖန်ခွက်တစ်ခုလိုမျိုး ကွဲရှပြီးတော့တစ်စစီပြန့်ကျဲနေသည်။
"အမေသေရတာ မင်းအဖေကြောင့်မလား "
သွေးခုန်နှုန်းက ခေါင်းကိုတက်ဆောင့်သွားတဲ့ခံစားမှုမျိုး JongIn ခံစားလိုက်ရသည်။ သူအကုန်သိသွားခဲ့ပြီပဲ။
"မင်းအဖေသာ အဲ့လိုမလုပ်ခဲ့ဘူးဆိုရင် ငါ့အမေ သေမှာမဟုတ်ဘူး။ ငါသာ ထောင်ထဲမရောက်ခဲ့ရင် အမေ သေမှာမဟုတ်ဘူး။ ငါက .... ငါသာ မင်းကိုမချစ်ခဲ့ရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး "
KyungSoo ရဲ့စကားတွေကမှန်နေတာကြောင့် JongIn ဘာမှမပြောနိုင်တော့။ အရာအားလုံးက သူနဲ့သူ့အဖေကြောင့်ဆိုတာအမှန်တရားပင်ဖြစ်သည်။
"ကျွန်တော့်ကို မချစ်နိုင်တော့ဘူးလား "
အေးစက်နေတဲ့ သူ့ရဲ့ လက်ဖဝါးနှစ်ဖက်ကြားမှာရှိနေတဲ့ KyungSoo ရဲ့လက်တွေကိုကြည့်နေရင်းနဲ့ပဲ JongIn ထိုစကားတစ်ခွန်းကို မေးလိုက်သည်။
YOU ARE READING
Saudade [Z×U] Complete
Fanfictionမင်းကိုစောင့်ရလို့ တစ်ခါလေးတောင် မငြီးငွေ့ခဲ့ဖူးဘူးဆိုတာကို အကြိမ်ပေါင်းများစွာပြောခဲ့ဖူးပါရဲ့... မင်းကိုစောင့်ရလို့ တစ်ခါလေးတောင် မငြီးငွေ့ခဲ့ဖူးဘူးဆိုတာကို အကြိမ်ပေါင်းများစွာပြောခဲ့ဖူးပါရဲ့...