Saudade-7[Z×U]

1.3K 178 26
                                    

မျက်စိရှေ့မှာတင် လဲကျသွားတဲ့ KyungSoo ကြောင့် JongIn အနည်းငယ်လန့်သွားသည်။
ဒီစကားလေးတစ်ခွန်းပဲ ပြောလိုက်တာကို ဒီလောက်တောင်ဖြစ်သွားတယ်ဆိုတော့ တစ်ခုခုရှိနေတာ သေချာတယ်ဆိုတာကို JongIn သိလိုက်ရ၏။

လဲကျနေတာကို ကောက်ချီလိုက်ပြီးတော့ အိပ်ရာပေါ်တင်ပေးခဲ့သည်။ သူကတော့ ရှည်လျားတဲ့ ညတာကို ကုန်ဆုံးဖို့ စာဖတ်ခန်းဆီသို့ ဦးတည်လိုက်၏။

ဆုံလည်ကုလားထိုင်မှာ ထိုင်ပြီး မျက်လုံးတွေမှိတ်ကာ အနောက်ကိုမှီချလိုက်တော့ ကြောက်လန့်နေတဲ့ မျက်ဝန်းဝိုင်းဝိုင်းဟာ သူ့မျက်စိရှေ့ပေါ်လာခဲ့သည်။ အရည်ကြည်လေးတွေ ဝေ့နေတဲ့ မျင်ဝန်းတွေကို့ မြင်ရတာ သဘောကျပေမယ့်
ခါးထက်က ဒဏ်ရာကိုပါတွဲမြင်လာသည်မို့လို့ သဘောမကျတော့။

"အဲ့တာကြောင့်မို့လို့ ငယ်ငယ်ကတည်းက မင်းကို သဘောမကျတာ KyungSoo "

×××

"JongIn ya စောင့်ဦးလေ "

KyungSoo နဲ့ JongIn တို့ခင်လာခဲ့တာ အခုဆို အထက်တန်းကျောင်းရောက်ပြီဖြစ်တဲ့အတွက်  ၈ နှစ်ရှိခဲ့ပြီပင်။ ခင်တယ်ဆိုပေမယ့် KyungSoo က တစ်ဖက်သတ်ခင်တာဆိုရင် ပိုမှန်လိမ့်မည်။

JongIn ကတော့ ထုံးစံအတိုင်း KyungSoo ကလွဲပြီး ကျန်တဲ့သူတွေနဲ့ အပေါင်းအသင်းလုပ်ပေမယ့် KyungSoo မှာတော့ သူငယ်ချင်းဆိုလို့ JongIn သာရှိခဲ့သည်။

နှစ်အိမ်ရဲ့ ဆက်ဆံရေးဟာလဲ ပြောစရာမလိုလောက်အောင် အဆင်ပြေနေသလို မိဘတွေကလဲ သူတို့နှစ်ယောက်ကို တကယ်ချစ်ကြသည်။

အလယ်တန်း နှစ်ဝက်လောက်မှာ ငွေလိမ်ခံလိုက်ရလို့  အိမ်ကိုရောင်းပြီး လမ်းဘေးမှာနေရတော့မည့် အခြေအနေမှာ JongIn ရဲ့ မိဘတွေက အကူအညီပေးသည့်အတွက် Kyungsoo တို့ အိမ်အသစ်ကိုပြောင်းခဲ့ရသည်။
အရင်လို JongIn တို့နဲ့ မျက်နှာချင်းဆိုင် မဟုတ်တော့ပဲ  တစ်လမ်းခြားသွားခဲ့သည်။

"JongIn "

ဒါပေမယ့် KyungSoo ဟာ ကျောင်းသွားခါနီးတိုင်း JongIn ရဲ့ အိမ်ကိုသွားပြီး အမြဲစောင့်ခေါ်လေ့ရှိသည်။ JongIn အိပ်ရာထ နောက်ကျတဲ့အခါမျိုးဆို အတူတူသွားရပြီးတော့
အိပ်ရာထစောရင်တော့ JongIn က အရင်သွားတာကြောင့် KyungSoo မှာ တစ်ယောက်ထဲသွားရ၏။

Saudade [Z×U] CompleteWhere stories live. Discover now