Saudade-11[Z×U]

1.1K 158 14
                                    

"KyungSoo "

JongIn နဲ့ အတူတူသွားဖို့အတွက် အိမ်ရှေ့လေးမှာ စောင့်နေတုန်း Jongin ရဲ့ အဖေနဲ့ တိုး၏။

"စကားခဏလောက်ပြောရအောင်"

အလုပ်သွားဖို့အတွက် ကားပေါ်တက်ခါနီးဆဲဆဲ
KyungSoo ဘက်ကိုပြန်လှည့်လာပြီး စကားပြောဖို့ခေါ်တာကြောင့် လိုက်သွားခဲ့လိုက်သည်။

အိမ်နဲ့အနည်းငယ်ဝေးတဲ့နေရာဆီကို မောင်းပြီးတဲ့နောက် လမ်းဘေးတစ်နေရာမှာ ကားရပ်လိုက်သည်။ ကားသမားကတော့ အပြင်ထွက်နေပေး၏။

"စကားကို ဝေ့ဝိုက်မနေတော့ပါဘူး ... မင်းလဲ နားလည်နိုင်တဲ့အရွယ်မို့လို့ ရှင်းရှင်းပဲပြောလိုက်မယ် ... ငါ့သားနဲ့ ခပ်ဝေးဝေးမှာ နေပေးရင်ကောင်းမယ် "

"ဗျာ "

မထင်မှတ်ထားတဲ့ စကားကြောင့် KyungSoo မှာ အံ့သြနေရ၏။ သူတို့အပေါ်ကောင်းခဲ့တဲ့ JongIn အဖေဆီကနေ ဒီစကားကို ကြားရတယ်ဆိုတာကို မယုံနိုင်သေး။

"ဒီအတောအတွင်း အကဲခတ်နေခဲ့တာ ...
အတ္တကြီးတယ်ပဲဆိုပါတော့ ငါ့သားဘဝကို အျထာက်အကူမပေးနိုင်တဲ့သူနဲ့ အပေါင်းအသင်းမလုပ်စေချုင်ဘူး ... ပြီးတော့
ငါ့သားက မင်းကို သိပ်သဘောကျပုံမရဘူး "

"အဲ့တာ ဘာကို ... "

KyungSoo ရဲ့ အသံတွေက လေထဲမှာပဲ ပျောက်ကွယ်သွားတယ် ... ပြောစရာစကားကို ရှာကြံနေမိပေမယ့်လဲခေါင်းထဲမှာတော့ ဗလာ ~

"အဲ့တာကြောင့် သူနဲ့ဝေးဝေးနေပေးရင်ကောင်းမယ် ... ငါက သူ့ကို အများကြီးမျှော်လင့်ထားတယ် ... ဒီအတောအတွင်း မင်းတို့ကို ကူညီပေးခဲ့တဲ့ မျက်နှာကိုထောက်ပြီးတော့ ငါပြောတာကို လက်ခံပေးပါ ... "

ဘာကိုပြောချင်လဲဆိုတာကို အကုန်နားလည်သွားပြီးတဲ့နောက်မှာ KyungSoo ဟာ လမ်းဘေးလေးမှာ မတ်တပ်ရပ်လျက်သားလေး~

မောင်းထွက်သွားတဲ့ အနက်ရောင်ကားကို ငေးငိုင်ကြည့်နေမိတယ် ... စိတ်တွေကတော့ လွန်ခဲ့တဲ့ မိနစ်ပိုင်းက ကြားခဲ့ရတဲ့ စကားတွေဆီမှာ ~

Saudade [Z×U] CompleteWhere stories live. Discover now