Saudade-13[Z×U]

1.1K 173 22
                                    

ဒေါက် ဒေါက်

"ဝင်လာခဲ့"

ရွှေရောင်မျက်မှန်ကိုင်းတပ်ထားတဲ့ JongIn က  စားပွဲပေါ်ကအဖြူရောင်စာရွက်တွေနဲ့ အလုပ်ရှုပ်နေတယ် ~
ဒီအခန်းထဲမှာပဲ သောင်တင်နေခဲ့တာ ၃ ရက်တောင်ရှိခဲ့ပြီ ....

လက်စသတ်ဖို့လိုအပ်နေတဲ့အလုပ်တွေကြောင့်
နေ့တိုင်းလာခဲ့မယ်လို့ပြောထားခဲ့တဲ့ Ravi ဆီကိုတော့ JongIn အခုထိမရောက်ဖြစ်ခဲ့။

"စုံစမ်းခိုင်းထားတဲ့အကြောင်းတစ်ခုသိလာလို့ပါ "
ဖောင်တိန်ကိုင်ထားတဲ့ လက်ချောင်းသွယ်သွယ်တွေက လေထဲမှာ ရပ်တန့်သွားခဲ့တယ်။
်မျက်မှန်ကိုချွတ်ပြီး မော့ကြည့်ပြီးတော့ ဆက်ပြောမယ့်စကားကို နားထောင်လိုက်သည်။

"ထောင်ထဲမှာ သူနဲ့ပတ်သတ်လို့ဘယ်သူမှ စကားမဟရဲကြဘူး ...
သန့်ရှင်းရေး တာဝန်ယူခဲ့ဖူးတဲ့ ထောင်ထွက်ကိုစုံစမ်းကြည့်လိုက်တော့ သိလာရတာပါ "

"အင်း သိရသလောက် ပြောပြ "

JongIn က ခြေချိတ်ထိုင်ပြီးတော့ ထိုင်ခုံကိုမှီရင်း ပြောလာမယ့်စကားကို သေချာနားထောင်ဖို့ပြင်လိုက်တယ်။

"KyungSoo က ထောင်ထဲမှာ အုပ်စုလိုက် နှိပ်စက်တာကို ခံရတယ်လို့ပြောပါတယ် "

"ဘာ"

မမျှော်လင့်ထားတဲ့ အကြောင်းအရာမို့လို့ JongIn နှုတ်ခမ်းဖျားတွေဟာပွင့်ဟသွားခဲ့၏။

"ပြီးတော့ ... သူနေခဲ့တဲ့အခန်းကလဲ မီးလောင်ဖူးလို့ ဒဏ်ရာလဲရခဲ့တယ်ပြောတယ်.. ခါးနာမှာ ဒဏ်ရာသေးသေးလေးတစ်ခုရှိပြီးတော့
ကျောပြင်မှာတော့ ဒဏ်ရာအကြီးကြီးတစ်ခုရှိတယ်ပြောပါတယ် "

ထိုစကားကိုကြားတာနဲ့ JongIn ဟာ သူမြင်ခဲ့တဲ့ ဒဏ်ရာကိုချက်ချင်းပြေးလိုက်မိတယ် ...

"အဲ့တာက ဒဏ်ရာအသေးလား "

ခပ်တိုးတိုးရေရွတ်ပြီးတော့ ဆက်ပြောမယ့်စကားကို နားထောင်နေလိုက်တယ် ...

"ပြီးတော့ ... "

ဆက်ပြောဖို့ကို တွန့်ဆုတ်သွားပုံရတဲ့အတွက် JongIn က သူနဲ့မျက်လုံးချင်းဆုံစေလိုက်တယ်။

Saudade [Z×U] CompleteWhere stories live. Discover now