Saudade-15[Z×U]

1.1K 155 14
                                    

တစ်ညလုံးမအိပ်ရသေးပေမယ့် ဒီနေ့က JongIn နဲ့ ဟာနာရဲ့ လက်ထပ်ပွဲမို့လို့ KyungSoo မှာ တတ်နိုင်သလောက် စောစောသွားရမည် .. ဒီလိုနည်းနဲ့ပဲ JongIn ရဲ့ မျက်နှာလေးကို ကြာကြာကြည့်နိုင်မှာဖြစ်တာကြောင့် ~~

အချိန်ပိုင်းအလုပ်ကနေ ပြန်လာလာချင်း ရေချိုးပြီးတော့ ဟိုနေ့က ဝယ်လာတဲ့ ဝတ်စုံလေးကို ဗီရိုထဲနေထုတ်လိုက်သည်။

Suit ကို သေချာလဲဝတ်ပြီးတာနဲ့ လည်ပင်းမှာ ဖဲပြားအမည်းလေးကိုပါ ကြည့်ကောင်းအောင်ချည်လိုက်သည်။

နာရီကိုကြည့်လိုက်တော့ ပွဲစဖို့ ၃ နာရီအလို ~~

မင်္ဂလာပွဲကျင်းပတဲ့နေရာနဲ့ အမေ့ရဲ့ဆေးရုံက တစ်လမ်းထဲသွားရတာမို့လို့ အချိန်ရတုန်းလေး
ဆေးရုံကိုဝင်လိုက်သည်။ အဝတ်အစားက အရမ်းတောက်ပြောင်သလိုဖြစ်နေတာမို့လို့ အပေါ်ထပ်ကိုချွတ်ပြီး Shirt အဖြူနဲ့ပဲသွားလိုက်သည်။

ဟိုရောက်တော့ အမေနဲ့ စကားတွေပြော ၊ ဂရုစိုက်ခိုင်းပြီးတော့ JongIn တို့ဆီသွားလိုက်သည်။
မင်္ဂလာပွဲစဖို့ အချိန် ၂ နာရီသာလိုတော့တာပင်  ~~

KyungSoo Taxi ပေါ်က ဆင်းဆင်းချင်း
ကမန်းကတန်းပြေးထွက်လာတဲ့ JongIn တို့ မိသားစုကြောင့် ဘာများဖြစ်လာလဲဆိုပြီး စိုးရိမ်မိသည်။

"အာ KyungSoo လေးရှိတာပဲ "

JongIn ရဲ့အမေက သူ့ကိုမြင်တော့ ဝမ်းသာအားရနဲ့ လက်မောင်းကိုပြေးဖက်လာ၏။

"ဘာကိုလဲ မသိဘူး "

KyungSoo မှာ JongIn ကိုတစ်လှည့် သူ့အမေကို တစ်လှည့် ကြည့်ရင်းနဲ့ မေးလိုက်မိသည်။

"ဟုတ်သား .. KyungSoo ရှိနေတာပဲ "

JongIn အဖေကပါ အနောက်ကနေ ထောက်ခံလိုက်တာကြောင့် KyungSoo မှာ အူကြောင်ကြောင်ပုံစံလေးနဲ့ တစ်ယောက်ချင်းစီရဲ့ ပုံစံတွေကို လိုက်ကြည့်နေမိ၏။

"ဟာနာအခုထိမရောက်သေးလို့ကွယ် .. အဲ့တာ သူ့ကို အမြန်သွားခေါ်မလို့ .. KyungSoo လေးလာတာနဲ့ ကွက်တိဖြစ်သွားတယ် "

Saudade [Z×U] CompleteWhere stories live. Discover now