Saudade-12[Z×U]

1.2K 160 17
                                    

Taemin တို့ကိုပါခေါ်ပြီး နေရာအနှံ့လိုက်ရှာပေမယ့်လဲ အရိပ်အယောင်လေးတောင် မတွေ့ရတဲ့အတွက် JongIn ရဲ့ စိုးရိမ်စိတ်တွေက ထိပ်ဆုံးမှာ ~

Taemin က ကားမောင်းပေးတာဖြစ်ပြီးတော့
Ravi နဲ့ Moonkyu ကတော့ အနောက်မှာ ~

အချိန်တွေကုန်ဆုံးလာပေမယ့် နီးစပ်မှု သေးသေးလေးတောင် မရှိတာကြောင့် အကုနိလုံးက စိုးရိမ်နေကြသည်။ ဘယ်အရပ်ကို ဦးတည်တယ်ဆိုတဲ့ သဲလွန်စတောင် မသိရတာကြောင့် ဘယ်မှာရှာရမလဲဆိုတာမသိ။

ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး မနက်ရောက်မှ လူအင်အားသုံးပြီး ရှာမည်ဆိုတဲ့အတွေးနဲ့ အိမ်ကိုပြန်လာဖို့ တိုင်ပင်ခဲ့သည်။

JongIn ကတော့ တစ်ချက်လေးတောင်မလှုပ်ပဲ အရှေ့တည့်တည့်ကိုသာ ကြည့်နေသည်။ စကားလဲမပြောပဲ ငေးငိုင်နေ၏။

လမ်းထဲဝင်ခါနီး
မလှမ်းမဝေးမှာ မြင်နေရတဲ့ အရိပ်လေးကို မြင်တော့ JongIn ရဲ့ မျက်ဝန်းတွေဟာ ပို၍ကျယ်လာခဲ့သည်။

လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့ JongIn ကို ကြည့်ပြီး Taemin က ဘာဖြစ်တာလဲဆိုတဲ့အမူအရာနဲ့ ကြည့်နေ၏။

"KyungSoo "

JongIn နှုတ်ခမ်းက ပွင့်ဟလာတဲ့ နာမည်ကြောင့် အကုန်လုံး ထိုနေရာကိုကြည့်နေမိသညိ။

"မြန်မြန်မောင်း",

JongIn ရဲ့သဘောအတိုင်း အရှိန်တင်လိုက်တော့ ပီသလာတဲ့မြင်ကွင်းမှာ JongIn ရဲ့ မျက်ဝန်းတွေဟာ အရည်လဲ့နေခဲ့တယ်။

ကားရပ်တာနဲ့ ချက်ချင်း ပြေးသွားခဲ့ပေမယ့်
လဲကျသွားတဲ့ ခန္ဓာကိုယ်လေးကို ပွေ့ယူလိုက်ရတယ် ~

ဖြူလျော့နေတဲ့ နှုတ်ခမ်းတွေကိုကြည့်ပြီး စိုးရိမ်စိတ်ထိပ်ဆုံးရောက်သည့်တိုင်အောင် စကားတစ်ခွန်းမှ ထွက်မလာ ~

သတိလည်ဖို့အတွက် ပါးပြင်နှစ်ဖက်ကို ပုတ်လိုက်ပေမယ့်လဲ ပျော့ခွေသွားတဲ့ ခန္ဓာကိုယ်ကိုထိန်းရင်း အသံတိတ်ငိုနေမိတယ်။

သွေးအလိမ်းလိမ်းဖြစ်နေတဲ့ ခြေဖဝါးလေးကို ဆုပ်ကိုင်လိုက်တော့ ခန္ဓာကိုယ်တစိချက်တွန့်သွားပြီး မျက်ရည်စတွေ လိမ့်ဆင်းလာသည်။

Saudade [Z×U] CompleteWhere stories live. Discover now