Saudade-6[Z×U]

1.2K 169 5
                                    

"CEO စုံစမ်းခိုင်းထားတာ မရခဲ့ပါဘူး ... ထူးဆန်းတာက သူနဲ့ပတ်သတ်ပြီး ဘာတစ်ခုမှ မေးလို့မရတာ"

လက်သီးကို ဆုပ်ရင်း စားပွဲကို ဒုန်းကနဲထုလိုက်မိသည်။

"ကြည့်ရတာ တစ်ခုခုဖြစ်ခဲ့ပုံရတယ်ထင်တယ်..
ပြီးတော့ အဲ့နောက်ကွယ်မှာ အကြီးပိုင်းထဲက တစ်ယောက်ယောက်ရှိမယ်လို့ ကျွန်တော်ထင်တယ် "

James ရဲ့စကားကြောင့် JongIn ရဲ့ မျက်ခုံးတွေ တွန့်ချိုးသွားသည်။ ဘာအကြောင်းမို့လို့ ဒီလောက်ထိစုံစမ်းရခက်နေတာလဲဆိုတာ သူသိချင်သည်။

သူ့လိုလူတောင် စုံစမ်းလို့မရပုံထောက်ရင်
သေချာပေါက်တစ်ခုခုရှိခဲ့သည်။ သို့ပေမယ့် ဒီအကြောင်းကို နှုတ်ပိတ်ထားပုံရတယ် ...

"ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရအောင်စုံစမ်းခဲ့ ...
အချိန်ဘယ်လောက်ကြာကြာ ငွေဘယ်လောက်ကုန်ကုန် ငါသိရမှဖြစ်မယ် "

တစ်ချက်လွှတ်အမိန့်ပေးပြီးနောက် ဆုံလည်ကုလားထိုင်မှာ ထိုင်၍ နောက်ကိုမှီလိုက်ပြီး မျက်လုံးတွေကို မှိတ်လိုက်သည်။

ဒါပေမယ့် ခါးထက်မှာ လက်တစ်ဆုပ်စာလေလာက်ရှိတဲ့ မီးလောင်ဒဏ်ရာကို သူ့မျက်လူံးထဲကနေ ထုတ်လို့မရ~

"မင်းကဘာလဲ KyungSoo "

×××

ညောင်းကိုက်နေတဲ့ ခြေထောက်နှစ်ဖက်လုံးကို ဆေးလိမ်းပြီးတော့  ကူလုပ်ပေးဖို့အတွက် KyungSoo အခန်းထဲကနေထွက်လာခဲ့သည်။

အလုပ်ကိုယ်စီကို အေးအေးဆေးဆေးနဲ့ တည်ငြိမ်စွာလုပ်နေကြတာကြောင့် Kyungsoo မှာ ဘယ်သူ့ကို ဘာမေးရမှန်းမသိတော့ ~

"ဟို ... ဦးလေးကြီး "

နောက်ဆုံးတော့ သူ့ကို JongIn ရဲ့အခန်ူးထဲကနေ ဆွဲထုတ်လာတဲ့ ဦးလေးတစ်ယောက်ဆီကို သွားလိုက်သည်။

"ဒီမှာ ကျွန်တော် ဘာလုပ်ပေးရမလဲ "

KyungSoo မေးသော်လည်း သူ့ကိုတစ်ချက်လေးသာ ကြည့်သွားတာကြောင့် အင်တင်တင်ဖြစ်သွားသည်။

"တစ်ခုခုပြောပြပါလား ... ကျွန်တော့် ဘာမှမလ်ုပဲ မနေတတ်လို့"

Saudade [Z×U] CompleteWhere stories live. Discover now