Saudade - 24[Z×U]

804 96 9
                                    

"အိမ်မက်လိုပဲ "

ခန္ဓာကိုယ်ရဲ့ပူနွေးမှုနှင့်အတူ လေးပင်စွာနိုးထလာတဲ့ KyungSoo က မျက်လုံးဖွင့်ဖွင့်ချင်းမှာပဲ နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ JongIn ကိုမြင်လိုက်ရလို့ မယုံနိုင်ဖြစ်နေရသည်။ အခုဖြစ်နေတာက အိမ်မက်လား တကယ်လားဆိုတာကိုသိရအောင် လက်ညိုးလေးဖြင့် JongIn ရဲ့ ပါးပြင်လေးကို အသာလေးထိတွေ့နေမိတယ်။

"အိမ်မက်မဟုတ်ဘူးပဲ "

ဒါဟာတကယ်ဆိုတာကို သိလိုက်ရတဲ့နောက်မှာ ဝမ်းသာလွန်းသဖြင့် မျက်ရည်တောင်ဝဲတက်လာသည်။ လွန်ခဲ့တဲ့နှစ်တွေကတည်းက တိတ်တခိုးသဘောကျခဲ့ရတဲ့ Jongin က သူ့ကိုချစ်သည်တဲ့။

ခပ်နွေးနွေးအနမ်းရော ၊ ပွေ့ဖက်မှုတွေရောကို ပြန်စဉ်းစားမိတော့ KyungSoo မျက်နှာလေးက ဖုံးဖိမရအောင်ကို ပြုံးလိုက်မိသည်။

အတွေးတွေကိုလက်စသတ်ပြီးတော့ JongIn ရဲ့ရင်ခွင်ထဲကနေပြီး သူ့ရဲ့မျက်နှာကိုမော့ကြည့်ကာ ဆံပင်လေးတွေကိုတွေ့ထိရင်းနဲ့ အစိတ်အပိုင်းတစ်ခုချင်းစီကိုသေချာလေးငေးကြည့်နေမိ၏။

နာရီဝက်လောက်ကြာတော့ သူခေါင်းအုံးထားတဲ့ JongIn ရဲ့လက်မောင်းတွေ နာနေမှာစိုးတာကြောင့် ရင်ခွင်ထဲကနေ ရုန်းထွက်ပြီးတော့ ထလိုက်သည်။

"အ"

ကုတင်ပေါ်ကနေခြေထောက်လေးချရုံပဲရှိသေး လက်ကိုဆွဲချလိုက်တာကြောင့် KyungSoo မှာ အိပ်ယာပေါ်သို့ တဖန်ရောက်သွားရပြန်သည်။

"JongIn. .. နိုးနေတာလား "

JongIn က ပက်လက်လေးဖြစ်နေတဲ့သူ့အပေါ်ကို ချက်ချင်းပဲအုပ်မိုးပြီးတာနဲ့ ပြီတီတီမျက်နှာထားလေးနဲ့ကြည့်လာသည်။

"ဒါပေါ့ နိုးနေတာကြာလှပြီ "

"ဘယ်အချိန်ကတည်းကလဲ "

"Hyung ကျွန်တော့်ရဲ့မျက်နှာကို ဟောဒီ့က လက်ညိုးလေးနဲ့မထိခင်ကတည်းက "

သူလုပ်သမျှကို JongIn က သိတယ်ဆိုတဲ့သဘောဖြစ်သည့်အတွက် KyungSoo မှာ ရှက်သွားတာကြောင့် မျက်နှာတွေပါနီလာ၏။

JongIn ကလဲ KyungSoo ဖြစ်နေတဲ့ပုံစံလေးကို အသည်းတယားယားနဲ့ကြည့်ပြီး ပါးဖောင်းဖောင်းလေးကို တစ်ချက်နမ်းလိုက်သည်။

Saudade [Z×U] CompleteWhere stories live. Discover now