Saudade-5[Z×U]

1.3K 160 10
                                    

"Omma ဟိုမှာဘာလုပ်နေကြတာလဲ"

"အိမ်ပြောင်းလာကြတာလေ သားရဲ့ "

အသက် ၆ နှစ်အရွယ်ကတည်းက အဖေဆုံးသွားခဲ့တာကြောင့် ဖတဆိုးလေးဖြစ်သည့် KyungSoo ကို အမေက အဖေနေရာကရော အမေနေရာကပါ စောင့်ရှောက်ပေးသည်။

ဒီနေ့လဲ ကျောင်းကနေအပြန် အမေရဲ့လက်ကိုတွဲရင်း အိမ်မျက်စောင်းထိုးနားမှာ ကားတွေ၊ ပစ္စည်းတွေကိုတွေ့တော့ KyungSoo သိချင်ဇောနှင့်မေးလိုက်သည်။

KyungSoo အထူးအဆန်းနှင့်လိုက်ကြည့်နေရင်း မလှမ်းမကမ်းမှာရပ်ထားတဲ့ အမည်းရောင်ကားကို တွေ့သွားသည်။ အမည်းရောင်မှန်ကာထားပေမယ့် အထဲက လူရိပ်ကို မြင်နေရသည့်အတွက် KyungSoo သေချာလိုက်ကြည့်နေမိသည်။

အမေက ခြံတံခါးဖွင့်နေပေမယ့် KyungSoo ကတော့ ထိုကားကိုသာ လည်ပြန်ကြည့်နေမိသည်။
သူထင်တာမမှားဘူးဆိုရင် ထိုကားပေါ်ကလူဟာလဲ KyungSoo ကို ကြည့်နေပါ၏။

×××

"ငါက KyungSoo ပါ "

နောက်တစ်နေ့ရောက်တော့ လူအသစ်တွေက အိမ်ကိုရောက်လာပြီး နှုတ်ဆက်ကြသည်။ ထူးခြားတာက လူသစ်တွေထဲမှာ သူနဲ့ရွယ်တူ ကောင်လေးတစ်ယောက်ပါ ပါလာသည်။

အမေနဲ့ အိမ်ရှေ့ကိုပြောင်းလာတဲ့အန်တီကြီးတို့ စကားပြောနေတုန်း KyungSoo ထိုကောင်လေးဆီသို့သွားပြီး မိတ်ဆက်လိုက်သည်။

KyungSoo လက်ကိုကမ်းလိုက်ပေမယ့် သူ့ကိုတစ်ချက်လေးပဲကြည့်ပြီး မျက်နှာလွှဲကာ လက်ထဲကအရုပ်ကိုပဲဆက်နေတဲ့ ကောင်လေးကို  နားမလည်စွာပဲကြည့်နေမိတယ်။

"ငါက KyungSoo လို့ "

နောက်တစ်ကြိမ် အသံကျယ်ကျယ်နဲ့မိတ်ဆက်ပြန်တော့လဲ ထိုကောင်လေးက လှုပ်တောင်မလှုပ်~

"Yaaa. ..  ငါ မိတ်ဆက်နေတယ်လေ "

ခြေထောက်ကိုဆောင့်ပြီး အော်လိုက်တော့ ထိုကောင်လေးက အရုပ်ဆက်တာကိုရပ်လိုက်ပြီး မတ်တပ်ရပ်လာသည်။
ပြီးတော့ KyungSoo ဆီသို့ တစ်လှမ်းချင်းလာလေ၏။

သူရှေ့တိုးလာလေလေ KyungSoo မှာ နောက်ဆုတ်လေလေ~

"အ"

Saudade [Z×U] CompleteWhere stories live. Discover now