Chapter (2.1)Unicode/Zawgyi

2.9K 295 0
                                    

Sheng XiFan အိမ်ပေါက်ဝရောက်သည့်အချိန်မှာဘဲ ဖုန်းက ကျိန်းသေပေါက် မြည်လာလေသည်။တွေးစရာမလိုဘဲ ဘယ်သူဆိုတာ သူမ သိလေသည်။သူမ ​​ဒေါက်ဖိနပ်ကိုချွတ်လိုက်ပြီး အိပ်ရာပေါ်သို့ ပျင်းရိစွာ လှဲချလိုက်သည်။ဖုန်းမကိုင်ခင်ထိ ဖုန်းရဲ့ ဆက်တိုက်ခေါ်ဆိုနေသည့်အသံကို စောင့်နေလိုက်သည်။

သူမဖုန်းကိုင်လိုက်သည့်အခါ ဖုန်း၏ စပီကာအားသူမနှင့်ဝေးဝေးမှာထားလိုက်သည်။ တစ်ခြားတစ်ဖက်မှဆူပူပြောဆိုနေသည်များကို အတိုင်းသားကြားနေရလေသည်။" Sheng XiFan
ကောင်မစုတ်လေး နင်က နေမကောင်းဘူးလို့ပြောရဲတယ်ပေါ့ ငါကတော့ နင်စိတ်ကျန်းမာရေးပါချို့တဲ့ပြီး ရူးသွားပြီလို့ကိုထင်နေတာ "

သူမ သက်ပြင်းချလိုက်ပြီး ရိုးသားစွာဝန်ခံလိုက်သည်။ " ဟုတ်တယ် သမီးက ရူးပါရူးနေတာ "

တစ်ဖက်မှ ဖေဖေSheng ကလည်းဝင်ဖျောင်းဖျလေသည်။ " သမီးကို မဆူပါနဲ့တော့ မင်းရဲ့သမီးက ကြင်ဖက်တွေ့ဆုံပွဲတွေမှ မသွားချင်တာ သမီးကို ဖိအားတွေ မပေးနဲ့တော့ တစ်နေ့လုံးအဲ့အကြောင်းဘဲတွေးပူမနေပါနဲ့ သမီးက အသက်ဘယ်လောက်ဘယ်လောက်ရှိနေပြီလဲ မင်းကသမီးကို ကလေးလေးတစ်ယောက်လို ဆက်ဆံနေတုန်းဘဲလား!! "

မေမေရှန် ဒေါသထွက်လေ
တော့သည်။"ကျွန်မက မှားနေလို့လား သူ့အတွက် ကျွန်မက အကောင်းဆုံးတွေကိုဘဲ လုပ်ပေးနေတာ ရှင်နဲ့သမီး နှစ်ယောက်လုံးက ကျွန်မကိုဘဲ အပြစ်တင်နေတယ်
ကျွန်မက ကောင်းစေချင်လို့လုပ်ပေးတာရှင့် ရှင်တို့ ဆန္ဒမှန်သမျှ အကုန်လိုက်ဖြည့်ဆည်းပေးခဲ့ရတာ ကျွန်မက ဒီအိမ်မှာ စကားပြောခွင့်ရောရှိသေးရဲ့လား? လူ​ရောဟုတ်သေးရဲ့လား? "

ဖေဖေရှန် ဘာတစ်ခုမှ ပြန်မပြောတော့ပေ။မေမေရှန်ကတော့ ပို၍ဆိုးလာတော့သည်။" Sheng XiFan အမေ သမီးကို ပြောမယ်နော် သမီး အဲ့စိတ်ပျက်စရာကောင်လေး Dai Heng ကိုမေ့လိုက်တာပိုကောင်းမယ် သူ့အကြောင်းဆက်တွေးမနေနဲ့ မေ့လိုက်တော့ သမီးကိုယ်သမီး ဘယ်သူလို့ ထင်နေတာလဲ Wang BaoChuan လို့ထင်နေတာလား? ဟမ်"
(illa: Wang BaoChaunဆိုတဲ့အမျိုးသမီးက ထန်မင်းဆက်ခေတ်အခါက ပြင်းထန်သည့်ဇွဲလုံလနှင့် သစ္စာစောင့်သိမှုတို့ကြောင့် နာမည်ကျော်ကြားပြီးလူသိများခဲ့ပါတယ်။စစ်တိုက်ဖို့ထွက်သွားခဲ့တဲ့ ခင်ပွန်းသည်ကို သူမက ၁၈နှစ်ကြာ သည့်အထိ စောင့်နေခဲ့ပါတယ်။)

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now