Chapter (5.1)Unicode

1.8K 209 0
                                    

Sheng XiFanသူမ၏မြင်ကွင်းထဲသို့ပင့်ကူတစ်ကောင်ဖြတ်သွားတာကိုမြင်လိုက်သည်။သူမ ခဏလေးသာမြင်လိုက်ရသည်ဆိုသော်လည်း ကံဆိုးချင်တော့ သူမ ဟိုတယ်ဝန်းကျင်အားစစ်ဆေးသည့်အချိန်တွင် မျက်မှန်အား​မေ့ကာမချွတ်မိဘဲ တပ်ထားသည့်အချိန်ဖြစ်နေလေသည်။

ဟိုတယ်၏ ကြီးကြပ်ရေးမှူးများမှာ အတော်လေးအကြပ်ရိုက်နေပြီဖြစ်သည်။မြင်ကွင်းက နည်းနည်းတော့ ထူးဆန်းနေသည်: အပြာရင့်ရောင်ရုံးဝတ်စုံကိုဝတ်ဆင်ထားသည့် မန်နေဂျာ Sheng သည် အတွေးများနေဟန်ပေါ်လျက် ထောင့်တစ်ထောင့်မှ သေသေချာချာ စောင့်ကြည့်နေ
မည်ဆိုပါက သူမကတစ်စုံတစ်ရာအားစောင့်မျှော်နေသကဲ့သို့ ငေးငေးငိုင်ငိုင်ကြည့်နေပေ
သည်။
Jie Zhang မှ ချက်ချင်းကို နားလည်သွားပေသည်။
" အ! ဒီမှာပင့်ကူကြီးရှိနေတာဘဲ "

Sheng XiFan ကသဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြသည်။ " ကျွန်မတို့ ဟိုတယ်ဝန်းကျင်ရဲ့ ဂေဟဗေဒ စနစ်က အရမ်းကောင်းနေလို့ထင်တယ် ပင့်ကူတွေတောင် ဒီကိုလာချင်ကြတယ်နော် "

ဧည့်သည်အခန်းများ၏ အလုပ်သမားခေါင်းဆောင် Jingge က အလေးအနက်ကိုပြောလာခဲ့သည်။
" မန်နေဂျာ Sheng ဒါက ကျွန်တော်ရဲ့ပေါ့ဆမှုကြောင့်ပါ "

သူမ ခေါင်းငြိမ့်ပြကာ " ကျွန်မ ညနေ ငါးနာရီမှာ နောက်ထပ်စစ်ဆေးဖို့ လာခဲ့မယ် နေရာတိုင်းကို သတိထားပေးပါ ကျွန်မ အနှောင့်အယှက်ဖြစ်စရာဘာတစ်ခုမှ မတွေ့ချင်ဘူးနော် "

ဟိုတယ်ပြန်ရောက်သည့်အခါ ဌာနများ၏ အကောင့်များကို စစ်ဆေးရန် ကွန်ပြူတာဘက်သို့လှည့်လိုက်သည်။စာနှစ်ကြောင်းလောက်သာ ဖတ်ရသေးသည် ကွန်ပျူတာမှာ ' ဖပ် ' ခနဲ အသံနှင့်အတူ စခရင်တွင် ဘာမှပေါ်မလာတော့ပေ။သူမ သေချာလေးစူးစိုက်ပြီးအနံ့ ခံကြည့်လိုက်လေသည် ကွန်ပြူတာများလောင်သွားပြီလား?
ရေထုတ်စက်ဆီမှ လှုပ်ရှားမှုပြမီးလုံးလေးအားကြည့်လိုက်မိသည် အို့! မီးပျက်သွားတာဘဲ!

အင်ဂျင်နီယာဌာနမှ ချက်ချင်းဖုန်းခေါ်ဆိုလာခဲ့သည်။ " မန်နေဂျာ Sheng မြို့ထဲမှာ နေရာတော်တော်များများ လျှပ်စစ်အားပြတ်တောက်မှုဖြစ်သွားလို့ပါ ဒါကြောင့်
ဟိုတယ်ရဲ့မီးအားပေးစက်ကို ဖွင့်ထားလိုက်ပါပြီ
အချိန်ဘယ်လောက်ကြာမယ်မပြောတတ်လိြ့ လျှပ်စစ်သုံးစွဲအားကြာလာမယ်ဆိုရင် စီမံခန့်ခွဲရေးဌာနဘက်ကို ယာယီတော့ မီးပေးနိုင်မှာမဟုတ်လို့ နားလည်ပေးဖို့ မျှော်လင့်ပါတယ် "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now