Extra Chapter (29)Unicode

3.1K 119 2
                                    

(My note - ဒါလေးက အစကတည်းက အပိုင်းတိုလေးအနေနဲ့ပါလာတာပါ Lin Yishenရဲ့အပိုင်းလေးဖြစ်လို့ authorရဲ့အပိုင်းအားလုံးပြည့်စုံအောင် ဘာသာပြန်ထည့်ပေးထားခြင်းဖြစ်ပါတယ်)

စားပွဲခုံပေါ်တွင် အချိန်အကြာကြီးရှိနေခဲ့သော ကော်ဖီသည် အေးစက်သွားလေပြီ။သူသည် ခွက်၏အေးစက်နေသည့်နှုတ်ခမ်းနားကိုထိလိုက်ပြီး ဘာအမူအရာမှတော့ မပြမိ။Ling Yishen ခေါင်းကိုမမော့ဘဲ အတွင်းရေးမှူးကိုသာခေါ်လိုက်သည်။
" လူစီ ကော်ဖီတစ်ခွက်လောက် ကျေးဇူး! "

သို့သော် မျှော်လင့်ထားသလို ရောက်မလာသည့်အခါ သူခေါင်းရှုပ်လာပြီး ပတ်ပတ်လည်သို့ကြည့်လိုက်မိသည်။ ဘယ်သူမှ မတွေ့ရပေ။ ထို့နောက် စားပွဲပေါ်က နာရီဆီသို့ အကြည့်ရောက်သွားသည့်အခါမှသာ ရုံးဆင်းချိန်သည် လွန်ခဲ့သည့်နှစ်နာရီတည်းက ဖြစ်ကြောင်းသိလိုက်ရသည်။ကိန်းဂဏန်းတွေနဲ့အစီရင်ခံစာတွေကြားမှာ သူလုံးဝကိုနစ်မြုပ်နေခဲ့တာဘဲ။

ခါးသက်စွာပြုံးလိုက်ပြီးနောက် ပစ္စည်းများကိုသိမ်းဆည်းရန် မတ်တပ်ရပ်လိုက်သည်။စားပွဲပေါ်ရှိလက်ထပ်ပွဲဖိတ်စာသည် ထောင့်စွန်းနေရာတွင်တိတ်တိတ်လေး ရှိနေသည်။သူ မနာလိုဖြစ်လွန်းလို့ဒေါသများပင်ထွက်လာမိသည်။ အ​ပြင်ဘက်ဆီသို့အမှတ်တမဲ့ကြည့်မိလိုက်သည့်အခါ မြို့မြင်ကွင်းကမီးများ​ဖြင့် လင်းထိန်တောက်ပနေပြီး နွေဦးအစပိုင်းရောက်လာပြီဖြစ်သောကြောင့် အအေးဓာတ်အနည်းငယ်တောင် မရှိတော့ချေ။တိမ်များကလွင့်မျောနေပြီး ကောင်းကင်ထက်တွင် ကြယ်များကနေရာယူလာခဲ့လေပြီ။

အမြဲတမ်း အရက်ကိုမူးမူးရူးရူးမသောက်တတ်သော်လည်း အမြဲတမ်း တစ်ယောက်တည်းကျန်နေခဲ့ရသည်။

ထိုအချိန်တွင် Wen Weiသည် နောက်ကျသည့်အထိ ကုမ္ပဏီမှာအမြဲနေလေ့ရှိပြီး အပေါ်ဆုံးရှိခေါင်မိုးထပ်တွင် တစ်ယောက်တည်းပြေးလေ့ရှိသည်။Huadeng ၏အစပိုင်းထဲက ကြီးပွားတိုးတက်ခဲ့သည့်စီးပွားရေးနယ်မြေသည် သူမ၏ခြေထောက်အောက်တွင်ရှိနေပြီး စလိုက်မီးများဖြာကျနေသည့်ပင်လယ်ထဲဝယ် အောင်မြင်တိုးတက်မှုများကအဆုံးအဆမရှိကျယ်ပြောလှသည့် ခံစားချက်မျိုးရမိသည်။ညအချိန်တွင်မီးအလင်းရောင်များဖြာထွက်နေသည်ကို ကြည့်ရခြင်းက သူမ၏စိုးရိမ်သောကများကိုပြေလျော့စေပြီးတည်ငြိမ်လာအောင်ပြုလုပ်ပေးသဖြင့် သဘောကျရသည်။

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)जहाँ कहानियाँ रहती हैं। अभी खोजें