Chapter (25)Unicode

1.3K 149 10
                                    

နောက်ဆုံးတွင်He SuYe၏လက်ကပတ်တီးကို ဖြည်လိုက်ပြီးနောက် သူ့၏ဘယ်ဘက်လက်က အရင်ကနှင့်မတူသလိုမျိုးခံစားနေရသည်။He SuYe မျက်မှောင်ကြုပ်၍ Qiu Tian အားပြောလိုက်သည်။
" ဒီနှစ်ရက်အတောအတွင်း ငါ့ရဲ့ဘယ်လက်က ထူးဆန်းနေသလိုဘဲ စာရိုက်ရတာသိပ်မကျွမ်းတော့ဘူး သိပ်အသုံးမပြုလို့လည်းဖြစ်မှာပါ ဟုတ်တယ်မလား? "

Qiu Tian သူ့ကို အကြည့်တစ်ချက်ပေးလိုက်ပြီး
" ဒါက ကိုယ့်ကိုယ်ကိုနှိမ့်ချနေတာမှမဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ? မင်းဘယ်လက်ကိုသုံးပြီး စာရေးတတ်၊တူကိုင်တတ်တာကို ငါမှတ်မိသေးတယ်ကွ "

He SuYe သက်မချလိုက်ပြီး
" ခံစားနိုင်စွမ်းတွေပျောက်နေတာလည်းဖြစ်နိုင်တာဘဲ "
သူ၏ဘယ်လက်နှင့်ဘောပင်ကိုကောက်ယူပြီး ပြန်ပစ်ချမိလိုက်ပြန်သည်။နှစ်ကြိမ်လောက်ကြိုးစားပြီးနောက် ခေါင်းကိုသာခါရမ်းမိတော့သည်။
" ငါ အိုများအိုသွားပြီးလား? "

Qiu Tian ကရယ်မောလိုက်ပြီး အမှတ်တမဲ့နှင့် ဆေးမှတ်တမ်းအထပ်လိုက်ကို မှောက်ချမိလိုက်သည်။
" မင်းကအိုနေပြီတဲ့လား! သွားစမ်းပါကွာ ငါကမင်းထက်တောင်တစ်နှစ်ပိုကြီးသေးတယ် ဒါနဲ့ ငါတို့နှစ်ယောက်က အတန်းထဲမှာဆိုအငယ်ဆုံးတွေနော် "

သူက ခေါင်းငြိမ့်လိုက်ပြီး ဆေးမှတ်တမ်းများကို ကူကောက်ပေးရန် ကိုယ်ကိုကိုင်းလိုက်သည်။
" အမ်းးးး ခုနှစ်နှစ်တောင်ကြာခဲ့ပြီလေ မျက်စိတစ်မှိတ်အတွင်းမှာအလုပ်တောင်လုပ်နေရပြီ အဲ့အချိန်တုန်းကဆို ဘယ်မေဂျာကိုရွေးရမယ် ဘယ်သူတွေနဲ့တွေ့ရမယ်ဆိုတာကိုတွေးကြည့်လို့တောင်မရခဲ့ဘူး "

Qiu Tian ကတိုးတိုးလေးပြောသည်။
" ငါလည်း ခံစားချက်နဲ့လူပါကွ မင်းဘယ်လောက်တောင်ခံစားနေရမလဲဆိုတာငါမသိခဲ့ပေမဲ့ Shen XiFan ထွက်သွားပြီးတဲ့နောက်ပိုင်း အရမ်းကိုထိလွယ်ရှလွယ်ခံစားနေရတယ်ပေါ့ ဟုတ်ပါပြီကွာ မင်းက သူ့ရှေ့မှာဆိုရင်တော့ အဲ့ခံစားချက်တွေဘယ်ချောင်ထဲသွားထိုးထားတာလဲ ငါ့ကို အထီးကျန်နေတဲ့လူတစ်ယောက်လိုမျိုး လာမလုပ်စမ်းနဲ့ "

He SuYe ခဏလောက်တွေးလိုက်ပြီး
" ငါက သူ့ရှေ့မှာဆို အဲ့လိုမျိုးစကားတွေ တစ်လုံးမှမပြောထွက်နိုင်တော့ဘူးလေ အဲ့ဒါကအရမ်းထူးဆန်းတာဘဲ "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now