Chapter (21)Unicode

1.2K 143 2
                                    

" စစ်မှန်သောစစ်သည်တော်များသည် ဒုက္ခဆင်းရဲအတိနှင့်ပြည့်နှက်နေသောဘဝကို ရင်ဆိုင်ရဲသလို၊ ရဲရဲနီသောသွေးများကိုလည်း ရှောင်လွှဲခြင်းမရှိ မျက်နှာမူရဲလှပေသည်။ "

ဓာတ်ပုံများကို သုတ်နေရင်း Shen XiFanသည် ကြမ်းပြင်ပေါ်တွင်ထိုင်လျက် ရယ်မောနေပြီး သူမကိုယ်သူမ ပြောဆိုနေသည်။သူမအရှေ့၌ ဘူးတစ်ဘူးကလည်း နေရာယူထားသည်။

သူမ၏ပထမဆုံးအချစ်ကိုဖော်ပြထားသည့် အမှတ်တရစာများ၊ မွေးနေ့လက်ဆောင်များ၊ဓာတ်ပုံစတေကာများ၊ကီးချိန်းများ၊သူ့အတွက်ခေါက်ထားခဲ့သည့်စက္ကူကြယ်များနှင့် စက္ကူကြိုးကြာလေးများ ပါဝင်သည်။ သူသာ သူမကို တစ်နေ့မလိုချင်တော့ဘူးဆိုလျှင် ၎င်းတို့အားလုံးကို မီးရှို့ဖျက်ဆီးလိုက်မည်ဟု အရင်ကပြောခဲ့ဖူးသည်။သို့သော် ထိုလူသည် မိမိကို ပြန်လှည့်ကြည့်လာမည်ဟုသာအမြဲတမ်းမျှော်လင့်ခဲ့မိသောကြောင့် သူမ မလုပ်နိုင်ခဲ့ပါ။

​ချစ်ခြင်းကိုသက်သေတည်ရေးသားထားသည့် ထိုစာများသည် အဖြူအမည်း သရုပ်ဖော်ရေးသားထားသလိုလေးဖြစ်နေသည်။သက်သေတည်ကျိန်ဆိုခြင်းဆိုသည်ကား လှပသည်ဟုထင်ရသော်လည်း ထာဝရတည်မြဲမည်မဟုတ်။သို့သော်ငြား တစ်ကြိမ်နှင့် လုံလောက်လေပြီ။

နောက်ဆုံးတော့ သူမစိတ်ထဲမှာ အေးချမ်းသွားခဲ့လေပြီ။သူမ Yan Hengကိုရည်ညွှန်းပြီးတိုးဖွဖွလေးပြောသည်။ရှင်ကျွန်မကိုတစ်ကြိမ်လောက် နာကျင်အောင်လုပ်မိခဲ့ရင်တောင် အရင်အချိန်တွေတုန်းက စိတ်ချမ်းသာပျော်ရွှင်ခဲ့ရတာတွေက အရင်အတိုင်းရှိနေခဲ့တယ်လေ ကျွန်မ၏ငယ်ရွယ်ချိန်မှာ အကောင်းဆုံးလုပ်ခဲ့တာက ရှင့်ကိုချစ်မိခဲ့တာဘဲ ကျွန်မလုံးဝနောင်တရမှာမဟုတ်ပါဘူး ရှင်က ကျွန်မကို တစ်စုံတစ်ယောက်ကို ဘယ်လိုချစ်ရမလဲ သင်ပေးခဲ့သလို ဘယ်လိုကြီးပြင်းလာရမလဲဆိုတာကိုလည်း ကျွန်မသင်ယူခဲ့ရပါတယ်။

ကျွန်မ နောက်တစ်ယောက်ကိုချစ်မိသွားဖို့
သတ္တိရှိလာစေခဲ့တဲ့အတွက်ရှင့်ကို ကျေးဇူးတင်ပါရစေ။

မြစ်ကမ်းနံဘေးရှိ ကော်ဖီဆိုင်လေးထဲတွင် စတော်ဘယ်ရီနှင့်ချောကလက်တို့ကိုအပေါ်မှအလှဆင်ထားသည့် ရေခဲမုန့်များမှာ အရသာကောင်းလှသည်။Shen XiFan သက်ပြင်းဖွဖွချလိုက်သည်။လမ်းခွဲခဲ့တာဖြင့်နှစ်တော်တော်ကြာနေပြီ မျက်နှာ​​ချင်းဆိုင်က လူသည် မိမိ၏အကြိုက်ကိုမှတ်မိနေဆဲ။

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now