Chapter (5.2)Unicode

1.6K 208 0
                                    

Yan Heng သည် အဝတ်ပါးပါးလေးသာ ဝတ်ထားကာ Gu Ningyuan နှင့်မျက်နှာချင်းဆိုင်ရပ်နေလေသည်။တစ်ချိန်က ဓာတုဗေဒဌာန၏ ပန်းတစ်ပွင့်သည်လည်း ယခုအခါတွင် မလှပနိုင်တော့။ပြီးပြည့်စုံသည့်မိတ်ကပ်သည် မျက်တွင်းချောင်ကျနေသော မျက်နှာအား ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ပေ။သူမ၏အိမ်ထောင်ရေးက စိတ်ချမ်းသာစရာမရှိသောကြောင့်လည်းဖြစ်နိုင်သည်ဟု Sheng XiFan
ခန့်မှန်းမိသည်။

သူမ အနှောင့်အယှက်မပေးဘဲ အဝေးကနေသာရပ်ကြည့်နေမိသဖြင့်သူတို့၏ စကားပြောသံများကိုလည်း မကြားရပေ။Gu Ningyuan က Yan Heng အားဖက်လိုက်သည်ကို မြင်လိုက်ပြီး သူက သူမအား ချက်ချင်းတွန်းထုတ်လိုက်လေသည်။ထို့နောက် သူမ တုန်ရီနေလျက် မျက်ဝန်းများမှာ မျက်ရည်များဝဲနေခဲ့သည်။

Sheng XiFan အသက်ပြင်းပြင်းရှူကာ အော်ခေါ်လိုက်သည်။ " ခဏစောင့်ပါဦး မစ္စ Gu "

Gu Ningyuan နှင့်Yan Heng တို့သည် တစ်ပြိုက်နက်တည်းလှည့်ကြည့်လာကြပြီး
တစ်ယောက်က အံ့အားသင့်နေကာ တစ်ယောက်ကတော့ ဒေါသထွက်နေလေသည်။Sheng XiFan လေသံအား တိုးလျော့ကာပြောလိုက်သည်။
" မစ္စGu ရှင့်ရဲ့သမီးလေးက ဒီမှာရောက်နေလို့ပါဟိုတယ်ဧည့်ကြိုခန်းမထဲက လုံခြုံရေးရုံးခန်းထဲမှာ စောင့်နေပါတယ် " သူမခဏလေးရပ်လိုက်ပြီး " ကလေးက တမင်ရည်ရွယ်ပြီးထွက်လာတာမဟုတ်လို့ ကလေးကိုအပြစ်မပြောပါနဲ့နော် "

Gu Ningyuan ရယ်လိုက်ကာ သူမအင်တင်တင်ဖြင့် Sheng XiFan အားကြည့်လိုက်သည်။ " ငါနင့်ကို ဒီဟိုတယ်မှာ အလုပ်လုပ်နေမယ်လို့ မထင်ထားမိဘူး ထပ်တွေ့ရတာ ဝမ်းသာတယ်နော် ငါဒီနေ့အလုပ်လေးများနေလို့ နောက်ရက်တွေ
မှ နင်နဲ့အတူ နှစ်ယောက်တည်းစကားပြောဖို့ ခေါ်
လိုက်မယ်လေ "

Sheng XiFan စိတ်ထဲ၌ အော်ပြောနေမိသည်။နင်ငါ့ကို မောလ်ဒိုက်အလည်သွားဖို့ဖိတ်ရင်တောင် ငါသွားဖို့စိတ်ကူးမရှိဘူးနော်။အဲ့ဒါက... ငါနင့်ကိုကြောက်တယ်လို့ဘဲ သဘောထားလိုက်ပါတော့။သို့သော်လည်း သူမ ယဥ်ယဥ်ကျေးကျေးဖြင့်ထပ်ပြောလိုက်သည်။ " ရှင့်သမီးလေးကို မဆူပါနဲ့နော် "

Gu Ningyuan က ပြုံးလိုက်ကာ လှည့်ထွက်သွား
လေသည်။
" ငါသူ့ကိုရိုက်ရင် ငါ့လက်ဘဲနာမှာပေါ့ "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now