Chapter (10.2)Uni/Zgyi

1.6K 221 5
                                    

Ding Wei သည် ယခုလတ်တလော၌ ' Zhongyu ' ၏ ကုန်ပစ္စည်းအသစ်မိတ်ဆက်ပွဲ တစ်ခုနှင့် အလုပ်ရှုပ်နေတော့သည်။' Zhongyu '၏ မားကတ်တင်းဌာနမှ အမျိုးသမီးဒါရိုက်တာသည် ခက်ထန်ပြီး လူမှုရေးခေါင်းပါးသောကြောင့် လုပ်ရမည့် အစီအစဥျမြားကျို တစ်ခုပြီးတစ်ခု ပြောင်းနေတော့သည်။သူသည် အစီအစဥ်ကို အကြမ်းရေးဆွဲပြီးသည့်အခါ အတော်လေးပြည့်စုံသလောက်ရှိနေပြီး ဒါရိုက်တာ၏ဝန်ထမ်းများအား လွှဲပြောင်းပေးလိုက်ကာ ကျင်းပမည့်နေရာသို့ကိုယ်တိုင်သွားရောက်ပြီး အလုပ်သမားများအား ကြီးကြပ်နေလေသည်။တစ်ပတ်ကြာသည့်အခါ တစ်ကိုယ်လုံးသည်လည်း ကိုင်ရိုက်ထားသကဲ့သို့ ညောင်းချိနေတော့သည်။

Sheng XiFan သည် Yan Heng နှင့် မတွေ့ရတော့သည့်အတွက် စိတ်ထဲတွင် တိတ််တိတ်လေးပျော်ရွှင်နေသည်။သူမ၏ဝတ်စုံသည်သက်တောင့်သက်သာနှင့် နွေးထွေးသည်ဟုဆိုလျှင် လိမ်ရာကျပေလိမ့်မည်။အပြင်ဘက် အေးနေသည့်အချိန်တွင် အချိန်အကြာကြီးမနေရဖို့ ဆုတောင်းမိလေသည်။စာရင်းအကောင့်များဆီသို့ပြန်ရောက်လာသည့်အခါ လူများသည် တင်းတိမ်ရောင့်ရဲတတ်သည့်စိတ် ထားရှိသင့်ကြောင်း သူမ ပထမဆုံးအကြိမ်တွေးမိလေတော့သည်။

သို့သော်လည်း Ling Yufan က သူမဆီသို့ ပြသာနာပေါင်းသောင်းခြောက်ထောင် သယ်ဆောင်လာပြီး ဟိုနေရာက ဘယ်လို ဒီနေရာက ဘယ်လိုစသည်ဖြင့်အထွန့်တက်လာလေတော့သည်။Sheng XiFanတစ်ယောက် သူများအပေါ်ကြည့်ရှုသည့် စွမ်းရည်တစ်မျိုး တိုးတက်လာခဲ့လေပြီး သူမ၏ မျက်လုံးအကြည့်များအား ကျယ်ကျယ်ဖွင့်ကာLing YuFan အပေါ်၌ မပြောင်းမလဲထားရှိလိုက်လေသည်။ ဆုံမှတ်ဟူ၍ မရှိပေ။သူမက သူ့ကို အရင်ကြည့်လိုက်ပြီးမှသာ အတော်လေး နေသာထိုင်သာရှိလေတော့သည်။

New Year အကြိုညတွင် လေးယောက်သား ဟော့ပေါ့စားပြီးနောက် ဘားသွားထိုင်ခဲ့ကြသည်။(My Note:ပထမအပိုင်းမှာ Lin Yishenပြောတဲ့ ဘာအစီအစဥ်ရှိလဲဆိုတာ ဒါကိုပြောတာပါ ကိုယ်က အဲ့လောက်ရင်းနှီးမှန်းမသိဘဲ ယဥ်ယဥ်ကျေးကျေးတွေ ဘာသာပြန်ခဲ့...)
ယခင်ကဆိုလျှင် အားလုံးက အတော်လေးသောက်နိုင်ခဲ့ကြသည်။Ding Wei သည် မကျေမနပ်ချက်များစွားနှင့် အရက်သာသောက်နေပြီးထို့နောက် Xu Xiangya က ကတ်ကစားဖို့အကြံပေးလိုက်သည်။ရှုံးသည့်သူက ကိုယ့်အကြောင်း ပြောပြပေးရမည်ဖြစ်သည်။

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now