Chapter (2.3)Unicode/Zawgyi

2.3K 249 2
                                    

ဟိုတယ်ပြန်ရောက်တော့ Xu Xiangya ကရုံးခန်းထဲဝင်လာပြီး သူမအား မကျေမနပ်ပြောလေသည်။ " ဆန်ပြုတ်ရေ ဒီမှာ အမျိုးသမီးတစ်ယောက်က ပြသာနာတော်တော်လေးရှာနေတယ်ငါတို့ဟိုတယ်ရဲ့ စတိတ်ခ် က ကောင်းကောင်းမကျက်ဘူးတဲ့ သွေးတွေ မြင်နေရတယ်တဲ့ ပြီးတော့ သူက ​သောက်ဆေးလိုချင်တယ်တောင်ပြောလိုက်သေးတယ် "

Sheng XiFan သူမကိုစိုက်ကြည့်လိုက်ပြီး " ငါ့ကို ဆန်ပြုတ်လို့မခေါ်နဲ့ "

Xu Xiangya သက်ပြင်းချလိုက်ပြီး " ငါဒီကိုလာတာ နင်နဲ့အဲ့အကြောင်း ငြင်းခုံ ဖို့မဟုတ်ဘူး ကြည့်ရတာ ဒီနေ့ကတော့ ဂျေးများတဲ့ VIP ဧည့်သည်ဖြစ်မယ် ထင်ပါတယ်ဟယ် ငါအခု ဘာအကြံဉာဏ်မှ မထွက်တော့လို့ နင့်ဆီကို အကူအညီလာတောင်းတာပါဟာ "

Sheng XiFan ရီလိုက်ပြီး " နင်မဖြေရှင်းနိုင်တဲ့လူတွေက ခုထိ ရှိနေတုန်းဘဲနော်... "
သူမ အချက်အလက်များအား ယူကြည့်လိုက်လေသည်။

ရုတ်တရက် " Yan Heng ၊ Zhongyu ရဲ့ ဥက္ကဌ ဟမ် ငါ့ဆီမှာ သူရဲ့ အချက်အလက်တွေလည်းမရှိပါလား "

Xu Xiangyaက စိတ်မပါသလိုပုံဖြင့် " ငါနင်နဲ့ ဒီအကြောင်းကိုငြင်းခုန်နေရတာ တော်တော်ကြာနေပြီ အလုပ်လုပ်ရတာ ခက်တယ်နော် လစာရဖို့က ပိုတောင်ခက်သေးတယ် ပြီးရင် လူတွေကိုစောင့်ရတာက ပိုပိုပြီးတောင်ခက်​​နေပါရောလား "

Sheng XiFan စာရွက်စာတမ်းများအား ဝှေ့ယမ်းပြလိုက်ပြီး " ဒီမှာ အမှားတွေပါနေလား သေချာကြည့်လိုက်ဦးမယ် တွေ့လို့ကတော့ နင့်ခေါင်းပြတ်ပြီသာမှတ်လိုက်တော့ "

Xu Xiangya ဟန်ဆောင်ရယ်ပြကာ
" ဟား..ဟား အေးပါဟယ် "

ငါးရက်ကြာပြီးနောက် MT ၏ ဥက္ကဌ Ling Yufanရောက်ရှိလာခဲ့သည်။ထိုမတိုင်ခင်တွင် ခေါင်းဆောင်Cheng က VIP များကြားတွင် ပိုအရေးကြီးသည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း အမှားတစ်ခုမှ လုပ်၍မရကြောင်း အထပ်ထပ်ညွှန်ကြားထားလေသည်။Ling Yufan သည် Ling မိသားစု၏ တတိယသားဖြစ်ကာ Ling မိသားစု၏ လျှပ်စစ်လုပ်ငန်းများအားဦးစီးနေလေသည်။နောက်ကွယ်တွင်၎င်းလုပ်ငန်းသည် Ling မိသားစု ၏ ငွေကြေးပိုင်းကို အပြည့်အဝထောက်ပံ့ပေးထားသည်။ MT
လုပ်ငန်းစုသည် နည်းပညာနယ်ပယ်တွင် ထိပ်တန်းမှာ ရပ်တည်နေလေသည်။Ling Yufan ကလည်း အရည်အချင်းပြည့်ဝသည့်လူတစ်ဦးဖြစ်ကာ ဟားဗတ်တက္ကသိုလ်မှ စီးပွားရေးအား မာစတာဘွဲ့ထိတက်ရောက်ခဲ့ပြီး လျှပ်စစ်ပိုင်းတွင်လည်း ဒေါက်တာဘွဲ့ထိ ရရှိခဲ့သည်။

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Unde poveștirile trăiesc. Descoperă acum