Chapter (12)Unicode

1.5K 200 0
                                    

နောက်တစ်နေ့မှာ He SuYe ကိုကျောင်းလာခဲ့ဖို့ ပရော်ဖက်ဆာ Gu ကဖုန်းလှမ်းဆက်လာသည်။နှစ်သစ်ကူးအားလပ်ရက်တစ်ရက်ဖြစ်သော်လည်း ကျောင်းဝင်းအတွင်း၌ လူတော်တော်လေးများပြီး ဘွဲ့ရကျောင်းသားများနှင့် ပါရဂူဘွဲ့ရကျောင်းသားများက အေးအေးဆေးဆေးသွားလာနေကြပြီး အချိန်ကုန်ဆုံးလျက်ရှိကြသည်။

သူကတော့ ထိုကဲ့သို့အနားယူနိုင်မည်မဟုတ်ပေ။
ပရော်ဖက်ဆာ Gu Ping သည် စားပွဲပေါ်က ဖိုင်အထူကြီးအားညွှန်ပြလျက်
" Xiao He ရေ မင်းအလုပ်မရှုပ်ဘူးဆိုရင် ငါ့ကို Fang Geဆီ ပြောင်းဖို့သာကူညီပေးပါတော့ ဘွဲ့ရကျောင်းသားအုပ်စုရဲ့ အရေးအသားက တကယ့်အမှိုက်ဘဲ "

သူလည်း ရွေးချယ်ခွင့်မရှိဘဲ လက်ခံလိုက်ရသည်။ပရော်ဖက်ဆာ Gu ကမနေနိုင်ဘဲဆက်ပြောသည်။
"  Su Hexing Pill Musk မှာ ဘာတွေပါတာလဲ? "

သူက စဥ်းတောင်မစဥ်းစားဘဲ ထုတ်ပြောလိုက်သည်။ "  Mudin၊ ဂန္ဓမာပန်း၊ rhino ice ၊Shen He xiang Fu၊ပြီးရင် ဆေးကို နွေးအောင် နဂါးဦးနှောက်(dragon brain)ကိုသုံးပေးရတယ် "
( ကိုယ်ဘာသာပြန်မှ Dr. He ပြောတာတွေက
ပေါက်ကရတွေဖြစ်တော့မယ်)

ပရော်ဖက်ဆာ Gu ကထပ်ခါထပ်ခါ ရယ်မောနေပြီး အပြည့်အဝကိုချီးမွမ်းနေတော့တယ်။
" အရမ်းကောင်းတယ် ငါဒါတွေကို လုံးဝ မမေ့ဖူးဘူး " ချက်ချင်း သူ၏မျက်နှာနှင့်အသံက ခက်ထန်လာခဲ့ပြီး " Xiao He ငါ့ကို မေးခွန်း 'ကောင်း'လေးတစ်ခု စီစဥ်ပေး ၊ အလေးအနက် ပြောနေတာ ရေလေးတစ်စက်တောင်အဝင်မခံဘူး ဘယ်အနှောင့်အယှက်ကိုမှ ခွင့်မပြုနိုင်ဘူး "

ရုတ်တရက် He SuYe ၏ဦးခေါင်းမှ ခြေဖျားအထိ အေးစက်သလိုခံစားမိခဲ့သည်။သူ၏ နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲ လေးစားမိသည် အရိုအသေပေးရမည့်တစ်စုံတစ်ယောက်ကို ပြောရမည် ဆိုပါက ကျိန်းသေတာပေါ့ အေးစက်စက် ခေါင်းဆောင်ကြီးက အခုထိလည်းအေးစက်နေတုန်းဘဲလေ။

သူက မေးခွန်းလွှာများကို အိတ်ထဲသို့သိမ်းဆည်းလိုက်ပြီး ပခုံးထက် သိုင်းလွယ်လိုက်သည်။အိမ်မှာပြန်သိမ်းဖို့တွေးလိုက်ပြီး ကျောင်းကန်တင်းသို့ နေ့လည်စာစားရန် သွားလိုက်သည်။Baicao ပြခန်းတစ်လျှောက် ဖြတ်သွားသည့်အခါ မိန်းကလေးအချို့သည် ကျောက်ပြားခုံတန်းများပေါ်တွင် ထိုင်နေကြပြီး စားပွဲတင် mercury sphygmomanometer ကိုစမ်းသပ်လျက်ရှိသည်။သူက သိပ်ဂရုမစိုက်ဘဲဖြတ်ခနဲကြည့်လိုက်မိသည်။

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now