Chapter (24)Unicode

1.2K 144 3
                                    

Shen XiFan အိမ်သို့ပြန်ရောက်လာသည့်အချိန်တွင် ဖေဖေShen ကလည်း စာကြည့်ခန်းထဲ၌ သင်ကြားရေးအစီရင်ခံစာတစ်စောင်ကိုရေးသားနေခဲ့သည်။Shen XiFan တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် တံခါးကိုတွန်းဖွင့်လိုက်သည်။
" အဖေ သမီးပြောချင်တာလေးရှိလို့ "

ဖေဖေShenသည် ဘောပင်ကိုချ၍ မျက်မှန်ကို ချွတ်လိုက်ပြီး ပြုံးကာ
" ပြောလေ အဖေ နားထောင်နေတယ် "

သူမ၏မျက်လုံးများမှာ မှေးကျဥ်းသွားပြီး မြင့်တက်လာသည့်နှုတ်ခမ်းထောင့်စွန်းများက သူမ၏ပျော်ရွှင်မှုကို ဖော်ပြနေခဲ့သည်။
" အဖေ သမီး တစ်ယောက်ယောက်ကို သဘောကျနေပြီ သူကအရမ်းအရမ်းကောင်းတဲ့လူတစ်ယောက်ပါ ဒါပေါ့ သမီးကလည်းသူ့အပေါ်ကိုကောင်းပါတယ် "
He SuYe၏ပုံရိပ်က သူမ၏စိတ်ထဲမှာ လျှပ်တပြက်ဖြစ်ပေါ်လာသည့်အခိုက်အတန့်တွင် အပြုံးများက ပိုမိုပီပြင်လာခဲ့သည်။

ဖေဖေShen ကပုံမှန်အတိုင်း ပြုံးရွှင်နေလျက်
" ကောင်းပြီ ကောင်းပြီ ဖေဖေက သမီးကိုအားပေးနေမယ်နော် လာပါဦး ဖေဖေ့ကို သမီးကောင်လေးအကြောင်းပြောပြဦးလေ "

Shen XiFan နည်းနည်းလည်းရှက်သောကြောင့် ရယ်ပြလိုက်သည်။
" အမ်း... အဖေက အဲ့ဒီတရုတ်တိုင်းရင်းဆေးဆရာဝန်ချောချောလေးကို မြင်ဖူးပြီးသားလေ "

" အော်..? "
ဖေဖေShen က လုံးဝကိုအံ့သြမနေဘဲ 'ဟဟ' ဟုသာရယ်နေလေသည်။
" အဲ့တစ်ယောက်လား!  အဲ့ဒီအချိန်တည်းက အဖေက သမီးကို တော်တော်လေးလိုက်ဖက်မှုရှိတယ်လို့တွေးလိုက်မိသေးတယ် မထင်ထားခဲ့မိဘူး.... ဟ ဟ.... ကောင်းတယ် ကောင်းတယ် အဖေလည်း အဲ့ကောင်လေးကို ကောင်းတယ်လို့ထင်ပါတယ် "

" ဒါပေမဲ့.... "
သူမ ပြုံးပြီးအလေးအနက်ထား၍ ပြောလိုက်သည်။
" ဒါပေမဲ့ သမီးက နောက်ရက်အနည်းငယ်နေရင် သွားရတော့မှာလေ တစ်နှစ်လောက်ကြာဦးမှာ ပြီးတော့ သမီးရဲ့ကျောင်းအလုပ်တွေကလည်းအရမ်းများတယ် ရိုးရိုးသားသားပြောရရင် တကယ်တော့ သမီး အရမ်းကြီးယုံကြည်ချက်မရှိဘူးဖြစ်နေတယ် "

" အရူးမလေး "
ဖေဖေ Shen ကပြုံးနေသည်။
" သမီးက ဘယ်သူ့ကို ယုံကြည်မှုမရှိတာလဲ? သမီးကိုယ်တိုင်လား ဒါမှမဟုတ် သူ့ကိုလား? 
အတိတ်ကြောင့်လား! အတိတ်ဆိုတာကပြီးသွားပြီလေ ဘာလုပ်ရမလဲဆိုတာသမီးကိုယ်တိုင်ဘဲတွေးရမှာ တစ်နှစ်ဆိုတာ ဘယ်လောက်မှမကြာပါဘူး အချိန်ခဏလေးနဲ့ကုန်ဆုံးသွားမှာပါ "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now